အိမ်အကူ မိန်းကလေးငယ်ကို ညှဉ်းပန်းနှိပ်စက်သူ မန္တလေးမှ လင်မယားအား ဖမ်းဆီးစစ်ဆေး

0
356

မန္တလေးတိုင်း၊ အမရပူရ မြို့နယ်၊ တောင်သမန်အင်း ကျေးရွာအုပ်စု၊ ထန်းတောကျေးရွာမှာ အိမ်ငှားနေတဲ့ အောင်နိုင် (ခ) အားချိုင်နဲ့ ဇနီးဖြစ်သူ ဆောင်းနှစ်သစ်ဦး တို့ကို အိမ်အကူ မိန်းကလေးငယ်အား ညှဉ်းပန်းနှိပ်စက်မှုနဲ့ ဖမ်းဆီးစစ်ဆေး နေပါတယ်။

အသက် ၁၄ နှစ်အရွယ် မိန်းကလေးဟာ လားရှိုးမြို့နယ်မှာ နေထိုင်သူ ဖြစ်ပြီး အိမ်အကူအဖြစ် ၁ လလျှင် ကျပ် ၅ သောင်းခွဲနဲ့ ၂၀၁၆ ခုနှစ် ၁၁ လပိုင်းက လာရောက် လုပ်ကိုင်နေသူ ဖြစ်ပါတယ်။

မိန်းကလေးကို ညှဉ်းပန်း နှိပ်စက်နေကြောင်း သတင်းအရ ထန်းတောကျေးရွာ ရာအိမ်မှူး ဦးလှတိုးနိုင်နဲ့ နယ်မြေခံ ရဲတပ်ဖွဲ့က အိမ်အကူ မိန်းကလေးကို ခေါ်ဆောင် စစ်ဆေးခဲ့တာမှာ နှိပ်စက်ထားတဲ့ ဒဏ်ရာဒဏ်ချက်များကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

လက်သီးနဲ့ ထိုးခြင်း၊ ဝါယာကြိုးနဲ့ ရိုက်ခြင်း၊ ပါးရိုက်ခြင်း၊ အပ်နဲ့ထိုးခြင်းတွေ ပြုလုပ် ညှဉ်းပန်း နှိပ်စက်ခဲ့ပါတယ်။ အခုအခါ ရာအိမ်မှူး ဦးလှတိုးနိုင်က တရားလို ပြုလုပ် တိုင်တန်းခဲ့တာကြောင့် အောင်နိုင် (ခ) အားချိုင်နဲ့ ဆောင်းနှစ်သစ်ဦးတို့ကို အမှုဖွင့် အရေးယူ စစ်ဆေးနေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)