တောင်ငူမြို့က ယာဉ်တိုက်မှု ဒု တပ်ကြပ် တစ်ဦးသေဆုံး

0
285

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှာ အမြန်ယာဉ်နဲ့ ဆိုင်ကယ် တိုက်မိမှုကြောင့် ဒုတပ်ကြပ်တစ်ဦး သေဆုံးသွားပါတယ်။

မတ်လ ၃ ရက်နေ့ မွန်းလွဲပိုင်မှာ တောင်ငူမြို့ လေတပ်စခန်းဌာနချုပ်မှ ဒုတပ်ကြပ် ကျော်သန်းသူ (၃၀ နှစ်) က ဇနီးဖြစ်သူ မစန္ဒာအေးနဲ့ ၁ နှစ်နဲ့ ၆ လအရွယ် သမီးဖြစ်သူတို့ကို ဆိုင်ကယ်ပေါ် တင်ဆောင်ပြီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ မောင်းနှင်စဉ် နှစ်ဆောင်ပြိုင်ကျေးရွာ အနီး Princess Express အမြန်ယာဉ်ကို ကျော်တက်ရာကနေ အရှိန်မထိန်းနိုင်ဘဲ အမြန်ယာဉ် ဝဲဘက်ခြမ်းနဲ့ ပွတ်တိုက်မိခြင်း ဖြစ်ပါတယ်။

ယာဉ်မောင်း ကိုဟိန်း ဆိုသူက ထွက်ပြေးသွားပါတယ်။ ဒုတပ်ကြပ် ကျော်သန်းသူကတော့ တောင်ငူမြို့ ဆေးရုံသို့ ပို့ဆောင်ပြီးနောက် မွန်းလွဲ ၃ နာရီမှာ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားပါတယ်။

ဇနီးဖြစ်သူ မစန္ဒာအေးက နဖူးယောင်ဒဏ်ရာ၊ သမီးဖြစ်သူက ဝဲဘက်ပါး ဖူးယောင် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဖြိုးကိုလင်း (ညောင်ဝိုင်း)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)