ဦးဝင်းတင် မွေးနေ့နဲ့ မြန်မာဝတ္ထုတို ရာပြည့် ဆွေးနွေးပွဲ ပူးတွဲကျင်းပ

0
392

ဟံသာဝတီ ဦးဝင်းတင် မွေးနေ့နဲ့ မြန်မာဝတ္ထုတို ရာပြည့် အထိမ်းအမှတ်အဖြစ် မြန်မာ့ခေတ်ပေါ်၊ ခေတ်ပြိုင် စာရေးဆရာများ ဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်မြို့ ပဲန်မြန်မာမှာ မတ်လ (၄) ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီပွဲကို ကဗျာဆရာ၊ စားရေးဆရာ၊ အနုပညာရှင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြပါတယ်။

ကွယ်လွန်သူ ဟံသာဝတီ ဦးဝင်းတင်နဲ့ ပတ်သက်ပြီး အမှတ်တရ စကားများ အသီးသီး ပြောကြားခဲ့ကြပါတယ်။ ဒီအခမ်းအနားကို ပဲန်မြန်မာက ဦးဆောင်ပြီး မတ်လ ၁၈ ရက်နေ့မှာ မြန်မာ ဝတ္ထုတို ရာပြည့်ပွဲတော်နဲ့ မတ်လ ၁၂ ရက်နေ့မှာ ဟံသာဝတီ ဦးဝင်းတင်ရဲ့ ၈၇ နှစ်ပြည့် မွေးနေ့အဖြစ် ပူးတွဲ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ပဲန်မြန်မာနဲ့ Yangon Book Plaza တို့ ပူးပေါင်းကျင်းပတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)