တတိယအကြိမ်မြောက် မြန်မာ့ရိုးရာ လှည်းယဉ်ကြော့ပြိုင်ပွဲ ​ညောင်​​လေးပင်​မြို့မှာ ကျင်းပ

0
478

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်မှာ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာ လှည်းယဉ်ကြော့ ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။

မြန်​မာ့ရိုးရာ လှည်းယဉ်​​ကြော့ပြိုင်​ပွဲ ဖွင့်​ပွဲအခမ်းအနားကို ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ ဖွံ့ဖြိုး​ရေးပါတီ ခရိုင်​ဥက္ကဋ္ဌ ဦး​အောင်​စိုး၊ မြို့နယ်​ပါတီဥက္ကဌ ဦးစိုးပိုင်​နှင့်​ ပါတီဝင်​များ၊ ​တောင်​သူလယ်​သမားများ တက်​​ရောက်​ခဲ့ကြ ပါတယ်။

မတ်​လ(၂)ရက်​​နေ့မှာ ကျ​ရောက်​​တဲ့ တောင်​သူလယ်​သမား​နေ့ကို ကြိုဆိုဂုဏ်​ပြုတဲ့ အနေနဲ့ မတ်​လ (၄)ရက်​​နေ့ ကနေ (၇)ရက်​​နေ့အထိ ဒီပြိုင်ပွဲကို ကျင်းပ မှာဖြစ်ပြီး လည်းကူး၊ ဒိုက်​ဦး၊ ဖြူး၊ ​ကျောက်​တံခါး ​ညောင်​​လေးပင်​မြို့နယ်​တွေက ​တောင်​သူလယ်​သမားများလည်း လာ​ရောက်​ယှဉ်​ပြိုင်​ကြမှာ ဖြစ်ပါတယ်။

ကို​ထွေး ​(​ညောင်​​လေးပင်)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)