UNFC ရဲ့ အဆိုပြုချက် ၉ ချက်ကို မူအားဖြင့် သဘောတူ

0
274

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ချုပ်ဆိုထားခြင်း မရှိသေးတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင်များရဲ့ အဆိုပြုချက် ၉ ချက်ကို အစိုးရ ကိုယ်စားလှယ်များနဲ့ ဆွေးနွေးပြီးနောက် မူအားဖြင့် သဘောတူခဲ့ပါတယ်။

(ဓာတ်ပုံ – Min Zaw Oo / Facebook)

နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်ရေး ဆွေးနွေးပွဲကို မနေ့က ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) မှာ စတုတ္ထအကြိမ်မြောက် ကျင်းပခဲ့တာပါ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)