ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လုံခြုံရေးအတွက် နိုင်ငံတကာ လုံခြုံရေး ကုမ္ပဏီများ ငှားမယ်

0
327

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် လုံခြုံရေးအတွက် နိုင်ငံတကာမှ ကျွမ်းကျင်သော လုံခြုံရေး ကုမ္ပဏီများ ငှားရမ်း တာဝန်ပေးရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက စီစဉ်လျက်ရှိပါတယ်။ အကြံပြု တင်ပြလာတဲ့ စာရင်းထဲကနေ စိစစ်ရွေးချယ်မှာ ဖြစ်ပါတယ်။

အမှန်တကယ် ကျွမ်းကျင်တဲ့ အဖွဲ့အစည်း၊ နိုင်ငံတကာမှာ အတွေ့အကြုံရှိတဲ့ အဖွဲ့အစည်း ဟုတ်၊ မဟုတ် စိစစ်သွားမယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး မြဝတီသတင်းမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေ အကြံပေး ဦးကိုနီဟာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အနီးကပ် သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)