ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း ယာယီဆောင်ရွက်မယ်

0
312

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ တာဝန်တွေကို လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး တင်အောင်ထွန်း ယာယီ ဆောင်ရွက်သွားဖို့ရှိနေပါတယ်။

ဝန်ကြီးချုပ်တာဝန်ကို ယာယီဆောင်ရွက်ဖို့ တာဝန်ပေးအပ်ခံရတဲ့အကြောင်း သတင်းတွေ ထွက်ပေါ်နေတဲ့အပေါ် ဗိုလ်မှူးကြီးတင်အောင်ထွန်းက MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားစဉ်အတည်ပြု ပြောကြားလိုက်တာပါ။

လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ နှလုံးခွဲစိတ်မှု ခံယူရမှာဖြစ်တဲ့အတွက် ရာထူးကနေ ယာယီအနားယူဖို့ ရှိနေတာ ဖြစ်ပါတယ်။

ဦးဖြိုးမင်းသိန်း ခွဲစိတ်လို့ ပြီးစီးတဲ့ကာလမှာ ဝန်ကြီးချုပ်တာဝန်ကို ပြန်လည်လွှဲပြောင်းပေး သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)