
0
1985





====================================

ရုပ်ရှင်လောကသားတွေရဲ့ ဖန်တီးမှုတွေ ပြည်သူကို တာဝန်ခံဖို့လို

ရုပ်ရှင်လောကသားတွေအနေနဲ့ ဖန်တီးမှုတွေကိုပြုလုပ်တဲ့အခါမှာ ပြည်သူကို တာဝန်ခံဖို့ လိုအပ်တယ်လို့ ပြန်ကြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က ရန်ကုန်မြို့ရှိ Park Royal ဟိုတယ်မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနဲ့ Forever Group တို့ပူးပေါင်းပြီးကျင်းပတဲ့ “မြန်မာ့ရုပ်ရှင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးပွဲ” မှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားရာမှာတော့ ရုပ်ရှင်လောကသားတွေရဲ့ ဖန်တီးမှုတွေကို အစိုးရအနေနဲ့ တာဝန်ခံစရာမလိုပဲ ရုပ်ရှင်လောကသားတွေကသာ ပြည်သူကို တာဝန်ခံရမှာဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။

ဒါ့အပြင် ဖန်တီးမှုတွေကို ပြုလုပ်တဲ့အခါ ပြည်သူအများစု လက်မခံနိုင်တဲ့ အလုပ်မျိုးတွေကို လုပ်လို့ မရဘူးလို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)