ပြည်သူလူထုက အားကိုးလာမယ့် အဖွဲ့အစည်း ဖြစ်အောင် ဆောင်ရွက်ကြဖို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌဆို

0
369

ပြည်သူလူထုက အားကိုးလာမယ့် အဖွဲ့အစည်း ဖြစ်အောင် ဆောင်ရွက်ကြဖို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌက  ပြောကြားလိုက်ပါတယ်။

ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ကြံ့ခိုင်ရေးပါတီရဲ့ ပါတီဌာနချုပ်မှာ ဖေဖော်ဝါရီလ (၃) ရက်နေ့က ပြုလုပ်တဲ့ ပြုလုပ်တဲ့ နိုင်ငံရေးစီမံခန့်ခွဲ မှုနည်းပြ သင်တန်းအမှတ်စဉ် (၁) သင်တန်းဆင်းပွဲမှာ ပါတီဝင်တွေကို အဲ့ဒီလို ပြောကြားလိုက်တာပါ။

ဒီလိုပြောကြားတဲ့ နေရာမှာတော့ သင်တန်းဆင်း ပါတီဝင်တွေအနေနဲ့ သင်ခန်းစာတွေကို ပြန်ပြီးပွားများအောင် လုပ်ဆောင်ကြရာ ကနေ လက်တွေ့နယ်ပယ်မှာ စည်းရုံးရေး အားကောင်ပြီး ခေါင်းဆောင်မှုအားကောင်းတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာ လိမ့်မယ်လို့လည်း ပြောကြားထားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)