နိုင်ငံပြင်ပရောက် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိတဲ့ မဲဆန္ဒရှင် (၃၃၉) ဦးရှိဟုဆို

0
315

နိုင်ငံပြင်ပရောက် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိတဲ့ မဲဆန္ဒရှင် (၃၃၉) ဦးရှိတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံပြင်ပကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ပုံစံ (၁၅) နဲ့ ဆန္ဒမဲ ပေးခွင့်ရရှိဖို့ တင်ပြတောင်းခံသူ (၃၅၇) ဦးရှိခဲ့ပြီး အဲ့ဒီထဲက (၁၈) ဦဟာ ကြိုတင် ဆန္ဒမဲပေးဖို့ သတ်မှတ်တွေနဲ့ ကိုက်ညီမှု မရှိတာကြောင့် ပယ်ချခဲ့တာပါ။

လက်ရှိအခြေအနေမှာတော့ နိုင်ငံ ပြင်ပ ရောက် ကြိုတင်ဆန္ဒမဲတွေ ပေးနိုင်ဖို့ မဲလက်မှတ်တွေကို အစိုးရရဲ့ ခွင့်ပြုချက်နဲ့ နိုင်ငံတကာ သံရုံးတွေကတဆင့် မဲလက်မှတ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ (၂) ရက်နေ့က  ထုတ်ပေးထားတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)