ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေရဲ့ စာရင်းတွေကို နိုင်ငံတ၀န်းမှာ ဖေဖော်ဝါရီလ (၁) ရက်နေ့က စတင် ကြေညာ

0
364

ကြားဖြတ်ရွေးကောက်ပွဲမှာ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိတဲ့ မဲဆန္ဒရှင်တွေရဲ့ စာရင်းတွေကို နိုင်ငံတ၀န်းမှာ ရွေးကောက်ပွဲကော်မရှင်က ဖေဖော်ဝါရီလ (၁) ရက်နေ့က စတင် ကြေညာပေးခဲ့ပါတယ်။

အဲ့ဒီ မဲဆန္ဒရှင်တွေရဲ့ အမည်စာရင်းတွေကို (၂) ပတ်တိုင်တိုင် ဖေဖော်ဝါရီလ (၁၅) ရက်နေ့အထိ ကြေညာပေးထားမှာပါ။

အဲ့ဒီ မဲဆန္ဒရှင် အမည်စာရင်းတွေမှာ မိမိနာမည်မပါရင် ပုံစံ ၃ နဲ့ မဲစာရင်းမှာ နာမည်ထည့်ပေးဖို့ တောင်းဆိုကြရမှာ ဖြစ်သလို မဲစာရင်းမှာ မပါသင့်သူတွေ ပါနေတာတွေ့ရင် ပုံစံ ၄ နဲ့ ကန့်ကွက်ကြရမှာဖြစ်ပါတယ်။

ဒါအပြင် မဲဆန္ဒရှင်ရဲ့ ကိုယ်ရေးအချက်အလက်တွေ မှားယွင်းနေရင်တော့ ပုံစံ (၄ – ဂ) နဲ့ ပြင်ဆင်လွှာတင်သွင်းကြရမှာပါ။

အဲ့ဒီအတွက် အပ်တဲ့ပုံစံတွေကို ရပ်ကျေးကော်မရှင်ရုံးတွေမှာ အခမဲ့ တောင်းယူပါလို့လည်း ကော်မရှင်က ကြေညာထားတာဖြစ်ပါတယ်။

ဒီလို ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ပြီးရင်တော့မဲဆန္ဒရှင်စာရင်းတွေကို ကော်မရှင်က မတ် ၁၇ ရက်မှာ နောက်ဆုံးအနေနဲ့ ကြေညာပေးသွားဖို့ ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)