ကြားဖြတ်ရွေးကောက်ပွဲမှာ ကျပ်ငွေ နှစ်ဘီလီယံ ကျော်အသုံးပြုသွားမယ်

0
318

ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ကျပ်ငွေ နှစ်ဘီလီယံ ကျော်အသုံးပြုသွားဖို့ ရှိနေပါတယ်။

ကော်မရှင် အဖွဲ့ဝင် ဦးစိုးရယ်က ဇန်န၀ါရီ ၃၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းမှာ ကော်မရှင်ရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ်ကို တင်ပြရမှာ ဦးစိုးရယ်က ပြောကြားလိုက်တာပါ။  

ကြားဖြတ်ရွေးကောက်ပွဲတွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ် (၈) ခုမှာရှိတဲ့  မြို့နယ်ပေါင်း ၂၂ မြို့နယ်မှာကျင်းပဖို့ရှိနေပြီး အဲ့ဒီရွေးကောက်ပွဲမှာ မဲရုံပေါင်း ၂၀၀၀ အသုံးပြုသွားဖို့ ရှိနေပြီး  ဆန္ဒမဲပေးနိုင်တဲ့ မဲဆန္ဒရှင် ၂ ဒသမ ၂ သန်းဝန်းကျင်ရှိနေတာပါ။

ဒီရွေးကောက်ပွဲမှာတော့ နိုင်ငံရေး ပါတီ ၂၄ ပါတီက ကိုယ်စားလှယ်လောင်းတွေနဲ့ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း စုစု ပေါင်း ၉၅ ဦး ၀င်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)