ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ ဦး ၁၀ ဘီးကားတိုက်လို့ ပွဲချင်းပြီး သေ

0
360

ထိုင်းနိုင်ငံ၊ နခွန်ပထုန်ဆီစန်ဖန်မှာ မြန်မာအလုပ်သမား ၃ ဦး ၁၀ ဘီးကားတိုက်လို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၃ ရက်  မနက်ပိုင်းက I.S.A Value Co.Ltd ငါးသေတ္တာ စည်သွတ်ဘူးရုံမှာ လုပ်ကိုင်နေတဲ့ မောင်တင်ကျော်မိုး (၂၈)၊ မငြိမ်းငြိမ်းစိုး (၂၄) နဲ့ မောင်အောင်ပြည့်ဝင်း (၂၄) နှစ်တို့ ၃ ဦး သေဆုံးခဲ့ရတာပါ။

သူတို့ ၃ ဦဟာ နေထိုင်တဲ့ အခန်းကနေ အလုပ်ရုံကို စက်ဘီးနဲ့ အလုပ်သွားစဉ် ၁ဝ ဘီးကားက အရှိန်နဲ့ ၀င်တိုက်ခဲ့တာဖြစ်ပါတယ်။

သူတို့ ၃ ဦးဟာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင် မြို့နယ်မှာ နေထိုင်သူတွေဖြစ်ပြီး  To Day Top Star အေဂျင်စီရဲ့  MoU စနစ်နဲ့ ရောက်ရှိ အလုပ် လုပ်ကိုင်နေသူဖြစ်ပါတယ်။

လက်ရှိအခြေအနေမှာတော့ ကားမောင်းသူကို ဖမ်းဆီးမိတာမျိုး မရှိသေးဘဲ အမှုမှန်ပေါ်ပေါက်ဖို့ AAC အဖွဲ့က ကူညီဆောင်ရွက် ပေးနေပြီး ရုပ်အလောင်းတွေကို ဆေးရုံကနေ မီးသင်္ဂြိုဟ်မယ့် ထိုင်းဘုန်းတော်ကြီးကျောင်းကို ပို့ဆောင်ထားတယ် နာရေးကိစ္စကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။  

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)