ကုလသမဂ္ဂရဲ့ အစီရင်ခံစာကို စုံစမ်းစစ်ဆေးမယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြောကြား

0
268

လူ့အခွင့်အရးဆိုင်ရာ မင်းကြီး ဇိတ်ဘင်အယ်လ်ဟူစိန် က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဖေဖော်ဝါရီ ၃ ရက်နေ့က
OHCHR ရဲ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာအရ ဖုန်းနဲ့ဆက်သွယ် စကားပြောခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောတစ်ဝိုက်မှာရှိတဲ့ ရိုဟင်ဂျာတွေအပေါ် လုံခြုံရေးတပ်တွေဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ ကတိပေးခဲ့ပါတယ်။

စစ်တပ်နဲ့ လုံခြုံရေးတပ်တွေအပေါ် ပြင်းပြင်းထန်ထန် ဖိအားပေးနိုင်တဲ့ နည်းလမ်းတွေကို အသုံးပြုပေးဖို့ ဇိတ်ဘင်အယ်လ်ဟူစိန်က ဒေါ်အောင်ဆန်း စုကြည်ကို တောင်းဆိုခဲ့ပြီးနောက် ဒီဖြစ်ရပ်တွေကို နိုင်ငံတကာ ရာဇ၀တ်ခုံရုံးအထိ တင်ဖို့ စဉ်းစားနေတယ်လို့ သူကပြောပါတယ်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ လောက်ကစတင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ အရေအတွက်ဟာ (၆၆၀၀၀)လောက်ထိ ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်ရုံး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီစွပ်စွဲချက်တွေကို မြန်မာအစိုးရဘက်က တာဝန်ယူဖြေ ရှင်းပေးရလိမ့်မယ်လို့လည်း ပြောခဲ့ပါသေးတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)