ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုအတွက် ဝမ်းနည်းဖွယ်ကာလ တစ်လတိတိ အစိုးရအဖွဲ့ ကြေညာပေးဖို့ လူမှုအဖွဲ့အစည်း ၁၃၇ ဖွဲ့ တောင်းဆို

0
366

တရားလွှတ်တော်ရှေ့နေ ဦးကိုနီ အကြမ်းဖက် လုပ်ကြံသတ်ဖြတ်မှု ဖြစ်ပွားခဲ့တဲ့ နေ့က စတင်ပြီး တစ်လတိတိကို ဝမ်းနည်းဖွယ်ကာလအဖြစ် အစိုးရအဖွဲ့က ကြေညာပေးဖို့ အရပ်ဖက်လူမှုအဖွဲ့အစည်း ၁၃၇ ဖွဲ့က စုပေါင်း တောင်းဆိုလိုက်ပါတယ်။

 

ဖေဖော်ဝါရီလ (၃) ရက်နေ့ရက်စွဲနဲ့ မြန်မာပြည်အခြေစိုက် အရပ်ဖက် လူမှုအဖွဲ့အစည်းတွေက စုပေါင်းပြီး အချက် (၆) ချက်ပါ တောင်းဆိုချက်တစ်စောင်ကို ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

အဲ့ဒီ တောင်းဆိုချက်တွေ ထဲမှာတော့ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ကိစ္စအတွက် အမှုမှန်၊ အမြန်ဆုံးပေါ်ပေါက်ရေးအတွက် အစိုးရက တိုက်ရိုက်တာဝန်ယူ စုံစမ်းဖေါ်ထုတ်ပြီး တာဝန်အရှိဆုံး ကြံစည်သူနဲ့ ပါဝင်ပတ်သက်သူတွေ အားလုံးကို အမြင့်ဆုံး ပြစ်ဒဏ်တွေ ချမှတ် အရေးယူပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

ဒါအပြင် လုပ်ကြံသတ်ဖြတ်သူကို ဖမ်းဆီးရမိပြီးတဲ့နောက် တရားရုံးတင် စစ်ဆေး စီရင်ဆုံးဖြတ်မှုတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အများပြည်သူတွေက သံသယကင်းကင်းနဲ့ သိရှိနိုင်ဖို့ အချိန်နဲ့တစ်ပြေးညီ ပွင့်လင်းမြင်သာမှုရှိရှိ မှန်ကန်စွာထုတ်ပြန်ပေးဖို့ကိုလည်း ထည့်သွင်းေ တောင်းဆိုထားတာပါ။

ဒီတောင်းဆိုချက်တွေထဲမှာပဲ လုပ်ကြံမှုမှာ အသက်ဆုံးရှုံးခဲ့ရတဲ့ ဦကိုနီနဲ့ ဦးနေ၀င်းတို့ရဲ့ ကျန်ရစ်တဲ့ မိသားစုတွေကို လူမှုဖူလုံရေးအကူအညီတွေ ပံ့ပိုးပေးဖို့ကိုလည်း တောင်းဆိုထားတာဖြစ်ပါတယ်။ (တင်ပြီး)

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)