မြန်မာနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်နေသူတစ်ဦးကို မလေးရှားမှာ ဖမ်းမိ

0
318

ရခိုင်ပြည်နယ်ကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံကို လာရောက်ကာ အကြမ်းဖက်တိုက်ခိုက်မှုတွေပြုလုပ်ဖို့ စီစဉ်နေတဲ့ နိုင်ငံခြားသားတစ်ယောက်ကို မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

myanmar

ဖမ်းဆီးခံထားရသူဟာ အိုင်အက်စ်အဖွဲ့ကို ထောက်ခံသူလို့ ယူဆရပြီး အင်ဒိုနီးရှားနိုင်ငံသားတစ်ယောက် ဖြစ်တယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးဌာနရဲ့ အကြီးအကဲ ဒါတက်ခ်အယော့ဘ်ခန်မိုင်ဒင်ပီချေးက အင်တာဗျူးတစ်ခုမှာ ပြောကြားခဲ့တာပါ။

အဲဒီလူကို ပြီးခဲ့တဲ့လက မလေးရှားနိုင်ငံအတွင်းမှာ ဖမ်းမိခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၄ မှာ အကြမ်းဖက်အုပ်စုတွေ ပတ်သက်ဆက်နွယ်မှုရှိတယ်စွဲချက်နဲ့ ရုံးထုတ်စစ်ဆေးဖို့လည်း စီစဉ်ထားပါတယ်။

မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ ဆီးရီးယားနဲ့အီရတ်နိုင်ငံက အိုင်အက်စ်ကိုထောက်ခံတဲ့ အရှေ့တောင်အာရှဒေသက နိုင်ငံခြားသားတွေတိုက်ခိုက်လာနိုင်တဲ့ ခြိမ်းခြောက်မှုအန္တရာယ်နဲ့ ကြုံတွေ့နေရပြီး နောက်မှာလည်း စစ်သွေးကြွတွေ မြန်မာနိုင်ငံထဲလာရောက်ပြီး အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးစားတာမျိုး ရှိလာနိုင်တယ်လို့ ဒါတက်ခ်အယော့ဘ်ခန်မိုင်ဒင်ပီချေးက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)