နိုင်ငံတော်သမ္မတကြီးမှ ဂုဏ်ထူးဆောင် ဆုတံဆိပ်တွေ ချီးမြှင့်

0
319

လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ဖို့နဲ့ လွတ်လပ်တဲ့ နိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမယ့် တာဝန်ဟာ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အားလုံးရဲ့တာဝန်ဖြစ်တယ်လို့ နိုင်ငံတော်သမ္မတကြီးဦးထင်ကျော်က ပြောကြားလိုက်ပါတယ်။

15871171_1046323652161315_1661874138_n

ဒီကနေ့မ နက်က ကျင်းပတဲ့ ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းပွဲအခမ်းအနားမှာ အခုလိုပြောကြားလိုက်တာပါ။ အဲဒီအခမ်းအနားကို နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် သဘင်ဆောင်မှာ ကျင်းပပြုခဲ့တာဖြစ်ပါတယ်။

15870724_1046323678827979_391334413_n

တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုဖြစ်စေဖို့ ရည်မှန်းချက်ထားပြီး ဘက်စုံထောင့်စုံက တည်ဆောက်ရာမှာ နိုင်ငံတော်လုံခြုံရေး၊ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေး တာဝန်တွေမှာ တိုင်းကျိုးပြည်ကျိုးကို အများထက်ထူးကဲသာလွန်စွာ ထမ်းဆောင်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေကို ဂုဏ်ထူးဆောင်ဘွဲ့တွေဂုဏ်ပြုချီးမြှင့်တာဟာ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းဆိုတဲ့ မင်္ဂလာတစ်ပါးဖြစ်တယ်လို့ သမ္မတကြီးကပြောပါတယ်။

ဂုဏ်ပြုချီးမြှင့်အပ်နှင်းတဲ့အခမ်းအနားမှာ သီဟသူရဘွဲ့တံဆိပ်ရရှိသူတစ်ဦးနဲ့ သူရဘွဲ့တံဆိပ်ရရှိသူ(၁၄)ဦးတို့ကို ဂုဏ်ထူး ဆောင်ဘွဲ့တံဆိပ်တွေ ပေးအပ်ချီးမြှင့်သွားတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)