ထိုင်းမှာ ပင်လယ်စာလုပ်ငန်း လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းမြန်မာ (၆၀) ကျော် အလုပ်ဖြုတ်ခံရ

0
306

ထိုင်းနိုင်ငံ မဟာချိုင်မြို့ လမ်းသွယ်(၄)လမ်း၊ ထာ့ဆိုင်ရပ်ကွက်ထဲမှာ ပင်လယ်စာလုပ်ငန်းကို လုပ်ကိုင်နေတဲ့ ရွှေ့ပြောင်းမြန်မာ(၆၀)ကျော်ကို ထိုင်းလုပ်ငန်းရှင်က အကြောင်းပြချက်မပေးဘဲ ဒီကနေ့ ဇန်န၀ါရီလ(၄)ရက်နေ့မှာ အလုပ်ဖြုတ်ခံခဲ့ရတယ်လို့ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းမြန်မာအရေးကို အကူအညီပေးနေတဲ့ AAC (မဟာမိတ်)အဖွဲ့ရဲ့ ဒါရိုက်တာဖြစ်တဲ့ ဦးခိုင်က MCN သတင်းဌာနကိုပြောပါတယ်။

15871014_645652418971328_1165091686_n

အလုပ်ဖြုတ်ခံခဲ့ရတဲ့ ရွှေ့ပြောင်းမြန်မာ(၆၀)ကျော်ဟာ နှစ်သစ်ကူး အလုပ်ပိတ်ရက်တွေမှာ နားနေကြပြီး ဒီကနေ့ ဒီဇင်ဘာလ(၄)ရက်နေ့မှာ
အလုပ်ပြန်ဝင်ဖို့ အဲဒီပင်လယ်စာလုပ်ငန်းရှိတဲ့နေရာကို သွားခဲ့ရာမှာတော့ တာဝန်ရှိတဲ့ထိုင်းလုပ်ငန်းရှင်က ဒီအလုပ်ရုံဟာ အပြီးပိုင် ပိတ်လိုက်ပြီး သူတို့ကိုလည်း အလုပ်ကနေ ထုတ်ပယ်ခဲ့တဲ့အကြောင်း ပြောပါတယ်။

15910200_645652435637993_2118672398_n

အခု အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ ရွှေ့ပြောင်းမြန်မာ(၆၀)ကျော်ရဲ့ လုပ်ခငွေကိုတော့ ထိုင်းလုပ်ငန်းရှင်က ထုတ်ပေးချင်းမရှိသေးလို့ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းမြန်မာအရေးကို အကူအညီပေးနေတဲ့ AAC(မဟာမိတ်) အဖွဲ့နဲ့ အလုပ်ဖြုတ်ခံခဲ့ရတဲ့ ရွှေ့ပြောင်းမြန်မာ(၆၀)ကျော်တို့ ပူးပေါင်းပြီး ဒီဇင်ဘာလ(၅)ရက်နေ့မှာ ထိုင်းနိုင်ငံ အလုပ်သမားရုံးမှာ သွားရောက်တောင်းဆိုသွားမယ်လို့ သိရပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)