ရခိုင်ဒေသတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေကို သတိရှိရှိ ဆောင်ရွက်ကြဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပြောကြား

0
269

ရခိုင်ဒေသတွင်းဖြစ်ပေါ်နေတဲ့အခြေအနေကို လေ့လာကြည့်တဲ့အခါမှာ တည်ငြိမ်အေးချမ်းစ ပြုလာပြီဆိုရင် နောက်ထပ် ပြဿနာအသစ်တစ်ခု ထပ်ပြီးဖြစ်ပေါ်လာလေ့ရှိတာကို သတိရှိရှိ ဆောင်ရွက်ကြဖို့ လိုတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောကြားလိုက်ပါတယ်။

15826607_956888031112080_1354990521045504453_n

ဇန်န၀ါရီ ၃ ရက်က နေပြည်တော်မှာပြုလုပ်တဲ့ ရခိုင်ပြည်နယ်တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကောင် အထည်ဖော် ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၇)မှာ အခုလိုပြောကြား လိုက်တာပါ။ ဒါ့အပြင်အောက်တိုဘာလ ၉ ရက်နေ့မှာ အကြမ်းဖက်တိုက်ခိုက်ခံရမှု ဖြစ်ပေါ်လာခဲ့ပြီးနောက် မောင်တောဒေသ အရေးကိစ္စရှေ့တန်းရောက်လာခဲ့ကြောင်း၊ မောင်တောဒေသ တည်ငြိမ်အေးချမ်းရေးကို လတ်တလော ဦးစားပေးဆောင်ရွက်လျက်ရှိသော်လည်း ရခိုင်ပြည်နယ်တစ်ခုလုံးအရေးကိစ္စကိုလည်း ဆက်လက်ဆောင် ရွက်နေတယ်လို့
ဒေါ်အေင်ဆန်းစုကြည်က ပြောပါတယ်။

မောင်တောဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အစိုးရသစ်လက်ထက် မေလကုန်မှာ ဗဟိုကော်မတီကိုဖွဲ့စည်းခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်အရေးကိစ္စဟာ များစွာသိမ်မွေ့ နက်နဲကျယ်ပြန့်ပြီး အရေးကြီးလှတဲ့အတွက် ဖွဲ့စည်းဆောင်ရွက်ခဲ့ရတာဖြစ်ပြီး ဒေါက်တာကိုဖီအာနန် ဦးဆောင်တဲ့ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ယခင်ကတည်းက ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ပြဿနာတွေ ဖြစ်ပေါ်လာတဲ့အခါမှာ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှ ရပ်တည်ဖြေရှင်းဆောင်ရွက်သွားရမှာသာ ဖြစ်ပြီးစွပ်စွဲပြောဆိုတာတွေကို လက်တွေ့လုပ်ဆောင်ချက်တွေနဲ့အခြေခံတဲ့ အမှန်တရားနဲ့အတူ တုံ့ပြန်သွားရ မှာဖြစ်ပြီး ဗဟိုကော်မတီအနေနဲ့ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို အဆင့်ဆင့်တာဝန်ခံမှု၊ တာဝန်ယူ မှုနဲ့ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ဖို့ဖြစ်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒ်ါအောင်ဆန်းစုကြည်က ပြောကြား ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)