တောင်ပေါ်မြေပြန့်၊ ပြည်နယ်ပြည်မ မခွဲဘဲ ပူးပေါင်းဆောင်ရွက်ဖို့ တိုင်းရင်းသားတွေကို သမ္မတ ဦးထင်ကျော် တိုက်တွန်း

0
290

တိုင်းရင်းသားပြည်သူတွေအနေနဲ့ တောင်ပေါ် မြေပြန့်၊ ပြည်နယ် ပြည်မ ဆိုပြီး မခွဲခြားဘဲ ကျရာကဏ္ဍကနေ ပြည်ထောင်စုအစိုးရနဲ့ လက်တွဲပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီကနေ့ ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာထဲမှာ တိုက်တွန်းလိုက်ပါတယ်။

president

၂၀၁၇ ခုနှစ် (၆၉)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာထဲမှာ သမ္မတ ဦးထင်ကျော်က အခုလို တိုက်တွန်းခဲ့တာပါ။

လွတ်လပ်ရေးရရှိပြီးကတည်းက တိုင်းရင်းသားအချင်းချင်းကြား သံသယတွေ၊ ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ရတာကြောင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အစိုးရက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁)ရာစု ပင်လုံ ကျင်းပပြီး ဆောင်ရွက်နေတဲ့အတွက် တိုင်းရင်းသားပြည်သူအားလုံး (၁၂)ရာစု ပင်လုံညီလာခံကို မျက်မှောက်ပြုကြဖို့ အရေးကြီးတယ်လို့ သဝဏ်လွှာထဲမှာ ဖော်ပြထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)