အသတ်ခံခဲ့ရတဲ့ ကိုစိုးမိုးထွန်း ကိစ္စနဲ့ပက်သက်လို့ သံသယရှိသူ သုံးဦးကို ဖမ်းဆီးထား

0
349

မုံရွာသတင်းထောက် ကိုစိုးမိုးထွန်း အသတ်ခံရမှုနဲ့ ပက်သက်လို့ သံသယရှိသူ လူသုံးဦးကို မုံရွာမြို့မရဲစခန်းမှာဖမ်းဆီးထားတယ်လို့ ဒုရဲမှူးသိန်းဆွေမြင့်က MCN သတင်းဌာနရဲ့ ဆက်သွယ်မေးမြန်းချက်မှာ အခုလို ပြောဆိုခဲ့တာဖြစ်ပါတယ်။

15492609_629786417224595_7386301301856820023_n

အသတ်ခံခဲ့ရတဲ့ ကိုစိုးမိုးထွန်းကိစ္စနဲ့ ပက်သက်လို့ ကနဦးမုံရွာမြို့ပေါ်ရှိ KTV ဆိုင်က ၀န်ထမ်းနှစ်ဦးကို သံသယနဲ့ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးနောက် အခုအခါမှာ တော့ နန္ဒ၀န်ရပ်ကွက်ထဲက လူတစ်ဦးကို သံသယနဲ့ ဖမ်းဆီးထားတယ်လို့ ပြောပါတယ်။ အသတ်ခံခဲ့ရတဲ့ ကိုစိုးမိုးထွန်းဟာ သူမသေဆုံးခင်က တရားမ၀င် သစ်ခိုးထုတ်လုပ်မှုတွေကို စုံစမ်းဖော်ထုတ် ရေးသားခဲ့သလို မုံရွာမြို့ပေါ်မှာ နောက်တိုးပြီး ထပ်ဖွင့်လှစ်မည့် KTV နဲ့ တရားမ၀င်အနှိပ်ခန်းတွေ မဖွင့်ရန်အတွက် တိုင်းဒေသကြီးအစိုးရဆီမှာ သူ့လက်မှတ်နဲ့အတူ တိုင်တန်းခဲ့ပြီးနောက် အသတ်ခံခဲ့ရတာလည်းဖြစ်ပါတယ်။

ကိုစိုးမိုးထွန်း သေဆုံးမှုမှာ အုပ်စုဖွဲ့ဝိုင်းပြီး သတ်ခံခဲ့ရသလို ၂၀၁၆ ခုနှစ် ဒီဇင်ဘာ(၁၂)ရက်နေ့စပြီး ၂၀၁၇ခုနှစ် ဇန်န၀ါရီ(၄)ရက်နေ့အထိ
ရောက်နေပေမယ့် မုံရွာမြို့မရဲစခန်းကတော့ တရားခံတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးဘူးလို့ မုံရွာသတင်းထောက်တွေကြားမှာ ဝေဖန်မှုရှိ နေတာလည်းဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)