မောင်တောဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ကြားဖြတ် အစီရင်ခံစာ ထုတ်ပြန်

0
356

မောင်တောဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ကြားဖြတ်အစီရင်ခံစာကို ဇန်နဝါရီလ ၃ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီအစီရင်ခံစာမှာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှ နိုဝင်ဘာလ ၁၂ ရက် ၁၃ ရက်နေ့ထိ မောင်တောဒေသအကြမ်းဖက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးတွေ့ရှိချက် တွေနဲ့ ဖြစ်စဉ်တွေကို ထုတ်ပြထားတာပါ။

15875309_1072015532926312_5184740402435997692_o

အဲဒီစစ်ဆေးရေးကော်မရှင်ကို အဖွဲ့ဝင် စုစုပေါင်း ၁၃ ဦးနဲ့ နိုင်ငံတော် သမ္မတရုံးက ၁ – ၁၂ – ၂၀၁၆ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၈၉ / ၂၀၁၆ နဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ တာဖြစ်ပါတယ်။

ကော်မရှင်အနေနဲ့ ကော်မရှင်အစည်းအဝေး သုံးကြိမ် ကျင်းပပြီး မောင်တောဒေသကို ပထမအကြိမ် ကွင်းဆင်းကာကျေးရွာပေါင်း ၁၀ ရွာ၊ လုံခြုံရေးစခန်း လေးခုကိုသွားရောက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝန်ထမ်းတွေ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ လူ့အဖွဲ့အစည်းအသီးသီးမှ ကျေးရွာ သားတွေ ရပ်ရွာလူကြီး တွေနဲ့ တွေ့ဆုံမေးမြန်းစုံစမ်းမှုတွေ သတင်းထုတ်ပြန်ချက် နှစ်ကြိမ် ထုတ်ပြန်ဆောင် ရွက်ခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)