အာဆီယံတကၠသိုလ္ အားကစားၿပိဳင္ပြဲမွာ ျမန္မာကိုယ္စားျပဳအသင္းေနနဲ႔ ႀကိဳးစားမယ္လို႔ေျပာ

0
877

အာဆီယံတကၠသိုလ္ အားကစားၿပိဳင္ပြဲမွာ အင္အားႀကီး ႏိုင္ငံအသင္းေတြပါလာေပမယ့္ ျမန္မာကိုယ္စားျပဳ ေရကူးအသင္းအေနနဲ႔ အေကာင္းဆုံး ႀကိဳးစားသြားမယ္လို႔ ေျပာပါတယ္။ ဒီသတင္းကိုေတာ့ MCN သတင္းေထာက္ စိုင္းဟန္က ေပးပို႔ထားပါတယ္။

ေနျပည္ေတာ္ ၀ဏၰသိဒိၶမိုးလုံေလလုံ ေရးကူကန္မွာ ျပဳလုပ္မယ့္ အာဆီယံတကၠသိုလ္မ်ား ေရကူးၿပိဳင္ပြဲမွာ ၿပိဳင္ဘက္ႏိုင္ငံအသင္းေတြက ေရကူးအားကစားမွာ အားေကာင္းတ့ဲအသင္းျဖစ္ေသာ္လည္း ျမန္မာကိုယ္စားျပဳအသင္းအေနနဲ႔ အေကာင္းဆုံးႀကိဳးပမ္းသြားမယ္လို႔ ေရကူးအားကစားၿပိဳင္ပြဲက်င္းပေရးေကာ္မတီ ဥကၠ႒ ဦးေသာင္းထိုက္မင္းက ေျပာပါတယ္။

ဒီဇင္ဘာလ ၂ ရက္ေန႔က ရန္ကုန္ၿမိဳ႕ အိုလံပစ္ဟိုတယ္မွာ က်င္းပျပဳလုပ္တ့ဲ အာဆီယံတကၠသိုလ္မ်ား အားကစားၿပိဳင္ပြဲအတြက္ ျပင္ဆင္ေလ့က်င့္ေနမႈေတြကို ေရကူးၿပိဳင္ပြဲက်င္းပေရးေကာ္မတီက သတင္းစာရွင္းလင္းပြဲျပဳလုပ္ခ့ဲတာပါ။

Soundbite – ဦးေသာင္းထိုက္မင္း (ဥကၠ႒)
ေရကူးအားကစားၿပိဳင္ပြဲက်င္းပေရးေကာ္မတီ

အာဆီယံတကၠသုိလ္မ်ား အားကစားၿပိဳင္ပြဲအတြက္ ျမန္မာလက္ေရြးစင္ ေရကူးအားကစားသမားအခ်ိဳ႕ အဆင္သင့္မျဖစ္တာေၾကာင့္ လက္ေရြးစင္အနည္းငယ္သာ ပါ၀င္ေပမယ့္ ျမန္မာႏိုင္ငံတိုင္းေဒသႀကီး ျပည္နယ္ေတြက တကၠသိုလ္ေက်ာင္းသား အားကစားသမားေတြနဲ႔ အေကာင္းဆုံးႀကိဳးပမ္းယွဥ္ၿပိဳင္ႏိုင္ေအာင္ စခန္းသြင္းေလ့က်င္ေပးေနတယ္လို႔ ေရကူးနည္းျပခ်ဴပ္ ေဒၚမိုးသူေအာင္က ေျပာပါတယ္။

Soundbite – ေဒၚမိုးသူေအာင္ (ေရကူးနည္းျပခ်ဴပ္)
ျမန္မာႏိုင္ငံကိုယ္စားျပဳ တကၠသိုလ္ေရကူးအားကစားအသင္း

အာဆီယံတကၠသိုလ္မ်ား ေရကူးၿပိဳင္ပြဲကို ဒီဇင္ဘာလ ၁၁ ရက္ကေန ၁၅ ရက္အထိ ေနျပည္ေတာ္ ၀ဏၰသိႏၶိမိုးလုံေလလုံေရကူးကန္မွာ က်င္းပသြားမွာျဖစ္ပါတယ္။ အာဆီယံႏိုင္ငံေတြျဖစ္တ့ဲ ထိုင္းႏိုင္ငံက ၂၄ ဦး၊ အင္ဒိုနီးရွားႏိုင္ငံက ၂၃ဦး၊ ကေမၻာဒီးယားႏိုင္ငံက ၃ဦး၊ စကၤာပူႏုိင္ငံက ၂ဦးနဲ႕ ျမန္မာႏိုင္ငံက ၁၈ ဦး ပါ၀င္ယွဥ္ၿပိဳင္ၾကမွာျဖစ္ပါတယ္ ခင္ဗ်ာ။

အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲမှာ အင်အားကြီး နိုင်ငံအသင်းတွေပါလာပေမယ့် မြန်မာကိုယ်စားပြု ရေကူးအသင်းအနေနဲ့ အကောင်းဆုံး ကြိုးစားသွားမယ်လို့ ပြောပါတယ်။ ဒီသတင်းကိုတော့ MCN သတင်းထောက် စိုင်းဟန်က ပေးပို့ထားပါတယ်။
နေပြည်တော် ဝဏ္ဏသိဒ္ဓိမိုးလုံလေလုံ ရေးကူကန်မှာ ပြုလုပ်မယ့် အာဆီယံတက္ကသိုလ်များ ရေကူးပြိုင်ပွဲမှာ ပြိုင်ဘက်နိုင်ငံအသင်းတွေက ရေကူးအားကစားမှာ အားကောင်းတဲ့အသင်းဖြစ်သော်လည်း မြန်မာကိုယ်စားပြုအသင်းအနေနဲ့ အကောင်းဆုံးကြိုးပမ်းသွားမယ်လို့ ရေကူးအားကစားပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းက ပြောပါတယ်။
ဒီဇင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့ အိုလံပစ်ဟိုတယ်မှာ ကျင်းပပြုလုပ်တဲ့ အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင့်နေမှုတွေကို ရေကူးပြိုင်ပွဲကျင်းပရေးကော်မတီက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့တာပါ။
Soundbite – ဦးသောင်းထိုက်မင်း (ဥက္ကဋ္ဌ)
ရေကူးအားကစားပြိုင်ပွဲကျင်းပရေးကော်မတီ
အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲအတွက် မြန်မာလက်ရွေးစင် ရေကူးအားကစားသမားအချို့ အဆင်သင့်မဖြစ်တာကြောင့် လက်ရွေးစင်အနည်းငယ်သာ ပါဝင်ပေမယ့် မြန်မာနိုင်ငံတိုင်းဒေသကြီး ပြည်နယ်တွေက တက္ကသိုလ်ကျောင်းသား အားကစားသမားတွေနဲ့ အကောင်းဆုံးကြိုးပမ်းယှဉ်ပြိုင်နိုင်အောင် စခန်းသွင်းလေ့ကျင်ပေးနေတယ်လို့ ရေကူးနည်းပြချူပ် ဒေါ်မိုးသူအောင်က ပြောပါတယ်။
Soundbite – ဒေါ်မိုးသူအောင် (ရေကူးနည်းပြချူပ်)
မြန်မာနိုင်ငံကိုယ်စားပြု တက္ကသိုလ်ရေကူးအားကစားအသင်း
အာဆီယံတက္ကသိုလ်များ ရေကူးပြိုင်ပွဲကို ဒီဇင်ဘာလ ၁၁ ရက်ကနေ ၁၅ ရက်အထိ နေပြည်တော် ဝဏ္ဏသိန္ဓိမိုးလုံလေလုံရေကူးကန်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ အာဆီယံနိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံက ၂၄ ဦး၊ အင်ဒိုနီးရှားနိုင်ငံက ၂၃ဦး၊ ကမ္ဘောဒီးယားနိုင်ငံက ၃ဦး၊ စင်္ကာပူနိုင်ငံက ၂ဦးနဲ့ မြန်မာနိုင်ငံက ၁၈ ဦး ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)