
0
598




 

<>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ဒေါ်အောင်ဆန်းစုကြည် ခတ္တမန္ဒူရှိ သီလရှင်ကျောင်းတိုက်ကို သွားရောက်

အာရှ-ပစိဖိတ် ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ နီပေါနိုင်ငံကို ရောက်ရှိနေတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ခတ္တမန္ဒူမြို့ရှိ ဓမ္မ ကိရတိ ဘီဟာ သီလရှင်ကျောင်းတိုက်ကို သွားရောက်ပြီး သီလရှင်ဆရာကြီး ဒေါ်ဓမ္မဝတီကို ဂါရဝပြု ဖူးမြော်ကန်တော့ပါတယ်။

ဒီဇင်ဘာလ ၁ ရက်နေ့မှာ ဓမ္မ ကိရတိ ဘီဟာ သီလရှင်ကျောင်းတိုက်ကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ခဲ့တာ ဖြစ်ပါတယ်။ သီလရှင်ဆရာကြီး ဒေါ်ဓမ္မဝတီဟာ မြန်မာနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓစာပေကျမ်းဂန်တွေကို လေ့လာသင်ယူခဲ့သူ ဖြစ်ပါတယ်။

သီလရှင်ဆရာကြီး ဒေါ်ဓမ္မဝတီဟာ အခု နီပေါနိုင်ငံမှာ ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေးအတွက် သာသနာပြုလုပ်ငန်းတွေ ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)