ဝန္ႀကီး ဦးသိန္းေဆြ မေလးရွားေရာက္ ခ်င္းတိုင္းရင္းသား လူမႈအဖြဲ႔အစည္း ကိုယ္စားလွယ္ေတြနဲ႔ ေတြ႔ဆံု

0
704

အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႕အင္အားဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးသိန္းေဆြဟာ မေလးရွားႏိုင္ငံ၊ ကြာလာလမ္ပူၿမိဳ႕မွာ မေလးရွားႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီးရဲ႕ စီစဥ္ေပးမႈနဲ႔ ခ်င္းတိုင္းရင္းသား လူမႈအဖြဲ႔အစည္း ကိုယ္စားလွယ္ေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးခဲ့ပါတယ္။

ႏို၀င္ဘာ ၂၉ ရက္က ေတြ႔ဆံုခဲ့တာ ျဖစ္ၿပီး မေလးရွားႏိုင္ငံမွာ တရားမဝင္ လာေရာက္ လုပ္ကိုင္ေနၾကတဲ့ ျမန္မာႏိုင္ငံသား တိုင္းရင္းသား အလုပ္သမားေတြနဲ႔ မိသားစုဝင္ေတြ မေလးရွား ဥပေဒအရ အေရးယူ မခံရေရး၊ မိမိႏိုင္ငံသို႔ ျပန္လာလိုသူ ျမန္မာႏိုင္ငံသားေတြ အေနနဲ႔ သံအမတ္ႀကီးနဲ႔ အလုပ္သမား သံအရာရွိေတြကို တိုက္႐ိုက္ဆက္သြယ္ ေဆာင္႐ြက္ႏိုင္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ျမန္မာ အစိုးရအေနနဲ႔ မိမိႏိုင္ငံသားေတြ မိခင္ႏိုင္ငံသို႔ ျပန္လာႏိုင္ေရးကို အစဥ္လက္ကမ္း ႀကိဳဆိုလ်က္ရွိေၾကာင္း၊ ဥပေဒနဲ႔အညီ လိုက္နာေဆာင္႐ြက္ျခင္းျဖင့္ အလုပ္သမားေတြရဲ႕ အခြင့္အေရးနဲ႔ လူမႈကာကြယ္ ေစာင့္ေရွာက္မႈေတြကို ပိုမိုေဆာင္႐ြက္ေပးႏိုင္မွာ ျဖစ္ေၾကာင္း၊ ျပည္ပ အလုပ္အကိုင္ အက်ိဳးေဆာင္ လိုင္စင္ရေအဂ်င္စီေတြ ကတစ္ဆင့္ တရားဝင္သြားေရာက္ လုပ္ကိုင္ဖို႔ လိုေၾကာင္းလည္း ဝန္ႀကီး ဦးသိန္းေဆြက ေျပာၾကားခဲ့ပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ဝန်ကြီး ဦးသိန်းဆွေ မလေးရှားရောက် ချင်းတိုင်းရင်းသား လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေဟာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးရဲ့ စီစဉ်ပေးမှုနဲ့ ချင်းတိုင်းရင်းသား လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

နိုဝင်ဘာ ၂၉ ရက်က တွေ့ဆုံခဲ့တာ ဖြစ်ပြီး မလေးရှားနိုင်ငံမှာ တရားမဝင် လာရောက် လုပ်ကိုင်နေကြတဲ့ မြန်မာနိုင်ငံသား တိုင်းရင်းသား အလုပ်သမားတွေနဲ့ မိသားစုဝင်တွေ မလေးရှား ဥပဒေအရ အရေးယူ မခံရရေး၊ မိမိနိုင်ငံသို့ ပြန်လာလိုသူ မြန်မာနိုင်ငံသားတွေ အနေနဲ့ သံအမတ်ကြီးနဲ့ အလုပ်သမား သံအရာရှိတွေကို တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

မြန်မာ အစိုးရအနေနဲ့ မိမိနိုင်ငံသားတွေ မိခင်နိုင်ငံသို့ ပြန်လာနိုင်ရေးကို အစဉ်လက်ကမ်း ကြိုဆိုလျက်ရှိကြောင်း၊ ဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်ခြင်းဖြင့် အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ လူမှုကာကွယ် စောင့်ရှောက်မှုတွေကို ပိုမိုဆောင်ရွက်ပေးနိုင်မှာ ဖြစ်ကြောင်း၊ ပြည်ပ အလုပ်အကိုင် အကျိုးဆောင် လိုင်စင်ရအေဂျင်စီတွေ ကတစ်ဆင့် တရားဝင်သွားရောက် လုပ်ကိုင်ဖို့ လိုကြောင်းလည်း ဝန်ကြီး ဦးသိန်းဆွေက ပြောကြားခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)