အလုပ္ျဖဳတ္ခံရတာေတြ၊ ၿခိမ္းေျခာက္တာေတြရွိေနတဲ့အတြက္ တိုင္တန္းတာေတြ နည္းပါးေန

0
153

အလုပ္သမားရပိုင္ခြင့္ေတြ ဆံုးရႈံးေနတာေတြကို တိုင္ၾကားတဲ့အခါ အလုပ္ျဖဳတ္ခံရတာေတြ၊ ၿခိမ္းေျခာက္တာေတြရွိေနတဲ့အတြက္ တိုင္တန္းတာေတြ နည္းပါးေနတာ ျဖစ္ပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ ေဌးေဌးက ေပးပို႔ထားပါတယ္။

စက္ရံု၊အလုပ္ရံုေတြမွာ အလုပ္သမားရပိုင္ခြင့္နဲ႔ ပတ္သက္ၿပီး ရက္မွန္ေၾကး၊ ကြ်မ္းက်င္ေၾကးနဲ႔ လုပ္သက္ ႏွစ္အလိုက္သတ္မွတ္ၿပီး လစာတိုးေပးတာေတြရွိေပမယ့္ အနည္းဆံုးအခေၾကးေငြျပင္ဆင္ၿပီး ေနာက္ပိုင္း ရပိုင္ခြင့္ေတြ ေလ်ာ့ခ်သတ္မွတ္လာၾကပါတယ္။

အဲဒီလို ေလ်ာ့ခ်သတ္မွတ္မႈေတြေၾကာင့္ တိုင္တန္းခ်င္ေပမယ့္ ၿခိမ္းေျခာက္ခံရ တာေတြအျပင္ အလုပ္ျဖဳတ္ခံရမွာကို စိုးရိမ္ၿပီး တိုင္တန္းမႈေတြမရွိတာေၾကာင့္ စက္ရံု၊ အလုပ္႐ုံေတြမွာ ဥပေဒပါအတိုင္း ခံစားခြင့္ေတြ မရရွိေသးတာမ်ားတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး၊ အလုပ္သမား အျငင္းပြားမႈ ေျဖရွင္းေရး ခံုသမာဓိေကာင္စီရဲ႕ တိုင္းကိုယ္စားလွယ္ကေျပာပါတယ္။

Soundbite; ကိုေအာင္ေက်ာ္ထြန္းႏိုင္ဦး(တိုင္းကိုယ္စားလွယ္)
ရန္ကုန္တိုင္းေဒသႀကီး၊အလုပ္သမားအျငင္းပြားမႈေျဖရွင္းေရးခံုသမာဓိေကာင္စီ

ေျပာင္းလဲလာတဲ့ေခတ္နဲ႔အညီ လိုက္ေလ်ာညီေထြျဖစ္ေစမယ့္ အနည္းဆံုးအခေၾကးေငြ ဥပေဒအရ ျပင္ဆင္သတ္မွတ္ခဲ့ေပမယ့္ အလုပ္သမားေတြကို တျခားခံစားခြင့္ေတြေလ်ာ့ ခ်တာေၾကာင့္ မိသားစုစား၀တ္ေနေရးအတြက္ အဆင္မေျပမႈေတြရွိေနၿပီး အလုပ္ရွင္ေတြဘက္ကလည္း ဥပေဒလြတ္ရံုသာ လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

ဦးစိုးလြင္ (ဥကၠ႒)
ျမန္မာႏိုင္ငံစက္မႈလက္မႈႏွင့္၀န္ေဆာင္မႈလုပ္ငန္းေပါင္းစံုသမဂၢမ်ားအဖြဲ႕ခ်ဳပ္(MICS)

ဒါ့အျပင္ ဒီႏွစ္အတြင္း ခံုသမာဓိေကာင္စီကို တိုင္ၾကားတာအမ်ားဆံုးက အလုပ္သမားေခါင္းေဆာင္ခန္႔ထားတဲ့ အလုပ္သမားေေတြကို အေၾကာင္းအမ်ဳိးမ်ဳိးျပၿပီး ေနရာေျပာင္းေရြ႕တာေတြနဲ႔ အလုပ္ထုတ္တာေတြ အမ်ားဆံုး ျဖစ္တယ္လို႔ ေျပာပါတယ္။
အဲဒီလို အလုပ္သမားရပိုင္ခြင့္ေတြနဲ႔ပတ္သက္ၿပီး အမ်ားဆံုးတိုင္ၾကားတာကေတာ့ လိႈင္သာယာစက္မႈ ဇုန္အတြင္းက စက္ရံုေတြက အမ်ားဆံုးျဖစ္တယ္လို႔ ေျပာပါတယ္ရွင္။

အလုပ်သမားရပိုင်ခွင့်တွေ ဆုံးရှုံးနေတာတွေကို တိုင်ကြားတဲ့အခါ အလုပ်ဖြုတ်ခံရတာတွေ၊ ခြိမ်းခြောက်တာတွေရှိနေတဲ့အတွက် တိုင်တန်းတာတွေ နည်းပါးနေတာ ဖြစ်ပါတယ်။ ဒီသတင်းကို MCN သတင်းထောက် ဌေးဌေးက ပေးပို့ထားပါတယ်။

စက်ရုံ၊အလုပ်ရုံတွေမှာ အလုပ်သမားရပိုင်ခွင့်နဲ့ ပတ်သက်ပြီး ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေးနဲ့ လုပ်သက် နှစ်အလိုက်သတ်မှတ်ပြီး လစာတိုးပေးတာတွေရှိပေမယ့် အနည်းဆုံးအခကြေးငွေပြင်ဆင်ပြီး နောက်ပိုင်း ရပိုင်ခွင့်တွေ လျော့ချသတ်မှတ်လာကြပါတယ်။

အဲဒီလို လျော့ချသတ်မှတ်မှုတွေကြောင့် တိုင်တန်းချင်ပေမယ့် ခြိမ်းခြောက်ခံရ တာတွေအပြင် အလုပ်ဖြုတ်ခံရမှာကို စိုးရိမ်ပြီး တိုင်တန်းမှုတွေမရှိတာကြောင့် စက်ရုံ၊ အလုပ်ရုံတွေမှာ ဥပဒေပါအတိုင်း ခံစားခွင့်တွေ မရရှိသေးတာများတယ်လို့ ရန်ကုန်တိုင်းဒေသကြီး၊ အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ခုံသမာဓိကောင်စီရဲ့ တိုင်းကိုယ်စားလှယ်ကပြောပါတယ်။

Soundbite; ကိုအောင်ကျော်ထွန်းနိုင်ဦး(တိုင်းကိုယ်စားလှယ်)
ရန်ကုန်တိုင်းဒေသကြီး၊အလုပ်သမားအငြင်းပွားမှုဖြေရှင်းရေးခုံသမာဓိကောင်စီ

ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ လိုက်လျောညီထွေဖြစ်စေမယ့် အနည်းဆုံးအခကြေးငွေ ဥပဒေအရ ပြင်ဆင်သတ်မှတ်ခဲ့ပေမယ့် အလုပ်သမားတွေကို တခြားခံစားခွင့်တွေလျော့ ချတာကြောင့် မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေမှုတွေရှိနေပြီး အလုပ်ရှင်တွေဘက်ကလည်း ဥပဒေလွတ်ရုံသာ လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဦးစိုးလွင် (ဥက္ကဋ္ဌ)
မြန်မာနိုင်ငံစက်မှုလက်မှုနှင့်ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံသမဂ္ဂများအဖွဲ့ချုပ်(MICS)

ဒါ့အပြင် ဒီနှစ်အတွင်း ခုံသမာဓိကောင်စီကို တိုင်ကြားတာအများဆုံးက အလုပ်သမားခေါင်းဆောင်ခန့်ထားတဲ့ အလုပ်သမားတွေကို အကြောင်းအမျိုးမျိုးပြပြီး နေရာပြောင်းရွေ့တာတွေနဲ့ အလုပ်ထုတ်တာတွေ အများဆုံး ဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီလို အလုပ်သမားရပိုင်ခွင့်တွေနဲ့ပတ်သက်ပြီး အများဆုံးတိုင်ကြားတာကတော့ လှိုင်သာယာစက်မှု ဇုန်အတွင်းက စက်ရုံတွေက အများဆုံးဖြစ်တယ်လို့ ပြောပါတယ်ရှင်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)