
1
905




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲရစ် လွတ်လပ်ခွင့်ဆု ပြန်ရုပ်သိမ်းမယ်

ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားတဲ့ ပဲရစ် လွတ်လပ်ခွင့် ဂုဏ်ပြုဆုကို ဘင်္ဂါလီ မွတ်စလင်အရေးမှာ ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်တဲ့အတွက် ပြန်လည် ရုပ်သိမ်းမယ်လို့ ပဲရစ်မြို့တော်ဝန်ရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဘင်္ဂါလီ မွတ်စလင်တွေအပေါ် နှိပ်ကွပ်မှုတွေကြောင့် ဂုဏ်ပြုဆုကို ပြန်ရုပ်သိမ်းဖို့ မြို့တော်ဝန် အန်း ဟီဒယ်လ်ဂိုက ဆုံးဖြတ်တာ ဖြစ်တယ်လို့ ပြောခွင့်ရသူက ပြောပါတယ်။

ဆုပြန်ရုပ်သိမ်းမယ့် အပြီးသတ် ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ လလယ်မှာ ချမှတ်မှာ ဖြစ်ပါတယ်။ ဂလပ်စဂို၊ အီဒင်ဘာ့ဂ်၊ အောက်စဖို့ဒ်မြို့တို့က ဆုတွေ ပြန်ရုပ်သိမ်းပြီးနောက် ပဲရစ်မြို့ကလည်း ပထမဆုံးအကြိမ် ဆုကို ပြန်လည် ရုပ်သိမ်းတာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)

Comments are closed.