တရားမဝင္ လုပ္သားေတြ တင္ေဆာင္လာတဲ့ ကားေမွာက္၊ ျမန္မာ ႏွစ္ဦး ေသဆံုး

0
861

ထိုင္းႏိုင္ငံ၊ ပရာခ်ဴအက္ ခီရိ ခန္းရွိ နန္ ကပ္ပရာအို ေက်းရြာအနီးမွာ တရားမဝင္ လုပ္သားေတြကို တင္ေဆာင္လာတဲ့ကား လမ္းေဘး ဓာတ္တိုင္ကို ဝင္တိုက္ခဲ့လို႔ ျမန္မာႏိုင္ငံသား ႏွစ္ဦး ေသဆံုးၿပီး ၁၂ ဦး ဒဏ္ရာ ရရွိခဲ့ပါတယ္။

သြန္ခက္ လမ္းေကြ႔မွာ ႏိုင္ဝင္ဘာလ ၃၀ ရက္ေန႔ညက ကားမေတာ္တဆမႈ ျဖစ္ပြားခဲ့တာ ျဖစ္ၿပီး ယာဥ္ေမာင္းကေတာ့ ထြက္ေျပးသြားပါတယ္။ ဓာတ္တိုင္ကို ဝင္တိုက္ၿပီး လမ္းေဘးက ခ်ံဳေတြထဲ ကားက ထိုးဆင္းသြားခဲ့တာ ျဖစ္လို႔ ကားေပၚပါလာသူေတြလည္း ေအာက္ကို လြင့္စင္က်ခဲ့ၾကပါတယ္။ အသက္ ၃၀ ကေန ၄၀ ၾကားရွိ အမ်ိဳးသားႏွစ္ဦး ေသဆံုးၿပီး တျခား ၁၂ ဦး ဒဏ္ရာ ရရွိခဲ့ပါတယ္။ ကားေပၚပါလာသူ အားလံုးဟာ ျမန္မာႏိုင္ငံသားေတြျဖစ္ၿပီး သူတို႔မွာ အလုပ္လုပ္ခြင့္ ပါမစ္လည္း မရွိၾကပါဘူး။

တာႏိုစရီ ေတာင္ၾကားကေန ထိုင္းႏိုင္ငံထဲ ဝင္လာၾကတာ ျဖစ္ၿပီး လာႀကိဳတဲ့ ကားႏွစ္စီးနဲ႔ မေလးရွားနယ္စပ္ကို သြားၾကမွာ ျဖစ္ျဖစ္ေၾကာင္း၊ ကားႏွစ္စီးနဲ႔ လူအားလံုး ၂၆ ဦး ရွိေၾကာင္း ခိုးဝင္လာသူေတြက စကားျပန္ကတစ္ဆင့္ ေျပာပါတယ္။ တျခားကားတစ္စီးကို ဖမ္းဆီးႏိုင္ဖို႔ ထိုင္းရဲေတြက ဆက္လက္ လုပ္ေဆာင္ေနပါတယ္။

 

<>>>>>>>>>>>>>>>>>>>>>>>>>>

 

တရားမဝင် လုပ်သားတွေ တင်ဆောင်လာတဲ့ ကားမှောက်၊ မြန်မာ နှစ်ဦး သေဆုံး
ထိုင်းနိုင်ငံ၊ ပရာချူအက် ခီရိ ခန်းရှိ နန် ကပ်ပရာအို ကျေးရွာအနီးမှာ တရားမဝင် လုပ်သားတွေကို တင်ဆောင်လာတဲ့ကား လမ်းဘေး ဓာတ်တိုင်ကို ဝင်တိုက်ခဲ့လို့ မြန်မာနိုင်ငံသား နှစ်ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။
သွန်ခက် လမ်းကွေ့မှာ နိုင်ဝင်ဘာလ ၃၀ ရက်နေ့ညက ကားမတော်တဆမှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ယာဉ်မောင်းကတော့ ထွက်ပြေးသွားပါတယ်။ ဓာတ်တိုင်ကို ဝင်တိုက်ပြီး လမ်းဘေးက ချုံတွေထဲ ကားက ထိုးဆင်းသွားခဲ့တာ ဖြစ်လို့ ကားပေါ်ပါလာသူတွေလည်း အောက်ကို လွင့်စင်ကျခဲ့ကြပါတယ်။ အသက် ၃၀ ကနေ ၄၀ ကြားရှိ အမျိုးသားနှစ်ဦး သေဆုံးပြီး တခြား ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ ကားပေါ်ပါလာသူ အားလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး သူတို့မှာ အလုပ်လုပ်ခွင့် ပါမစ်လည်း မရှိကြပါဘူး။
တာနိုစရီ တောင်ကြားကနေ ထိုင်းနိုင်ငံထဲ ဝင်လာကြတာ ဖြစ်ပြီး လာကြိုတဲ့ ကားနှစ်စီးနဲ့ မလေးရှားနယ်စပ်ကို သွားကြမှာ ဖြစ်ဖြစ်ကြောင်း၊ ကားနှစ်စီးနဲ့ လူအားလုံး ၂၆ ဦး ရှိကြောင်း ခိုးဝင်လာသူတွေက စကားပြန်ကတစ်ဆင့် ပြောပါတယ်။ တခြားကားတစ်စီးကို ဖမ်းဆီးနိုင်ဖို့ ထိုင်းရဲတွေက ဆက်လက် လုပ်ဆောင်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)