ၿငိမ္းခ်မ္းေရး ယဥ္ေက်းမႈ ထူေထာင္ဖို႔ ေဒၚေအာင္ဆန္းစုၾကည္ တိုက္တြန္း

0
722

လူ႔အဖြဲ႔အစည္းေတြၾကားမွာ ပဋိပကၡေတြ ခ်ဳပ္ၿငိမ္းဖို႔အတြက္ “ၿငိမ္းခ်မ္းေရး ယဥ္ေက်းမႈ” တစ္ရပ္ ထူေထာင္ဖို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းလိုက္ပါတယ္။

နီေပါႏိုင္ငံ၊ ခတၱမႏၵဴၿမိဳ႕မွာ ဒီဇင္ဘာလ ၁ ရက္ေန႔က က်င္းပတဲ့ ႏိုင္ငံတကာ အစည္းအေဝး မိန္႔ခြန္းမွာ ေဒၚေအာင္ဆန္းစုၾကည္က အခုလို တိုက္တြန္းခဲ့တာ ျဖစ္ပါတယ္။ ပဋိပကၡေတြဟာ ပ်က္စီးရာပ်က္စီးေၾကာင္းနဲ႔ ဒဏ္ရာေတြျဖစ္ေစသလို နာၾကည္းစရာေတြ ျဖစ္ေစေၾကာင္း၊ အမုန္းတရားနဲ႔ အေၾကာက္တရားေတြကို သံသရာလည္ေစေၾကာင္းနဲ႔ ၿငိမ္းခ်မ္းေရး ေရာင္ျခည္ကို ၿငိမ္းသတ္ေနေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာပါတယ္။

ၿငိမ္းခ်မ္းေရးနဲ႔ အျပန္အလွန္ အက်ိဳးျဖစ္ထြန္းေရးအတြက္ ႏိုင္ငံေတြအၾကား ပူးေပါင္းေဆာင္ရြက္ဖို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က တိုက္တြန္းသြားပါတယ္။ ဘဂၤါလီ မြတ္စလင္အေရးနဲ႔ ပတ္သက္လို႔ေတာ့ ထည့္သြင္းေျပာၾကားသြားျခင္း မရွိပါဘူး။ ခတၱမႏၵဴၿမိဳ႕ရွိ ဒုကၡသည္စခန္းမွာ ဘဂၤါလီ မြတ္စလင္ ဒုကၡသည္ ၃၀၀ ခန္႔ ရွိပါတယ္။

<>>>>>>>>>>>>>>>>>>>>>>>>>>>>>>

 

ငြိမ်းချမ်းရေး ယဉ်ကျေးမှု ထူထောင်ဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
လူ့အဖွဲ့အစည်းတွေကြားမှာ ပဋိပက္ခတွေ ချုပ်ငြိမ်းဖို့အတွက် “ငြိမ်းချမ်းရေး ယဉ်ကျေးမှု” တစ်ရပ် ထူထောင်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့မှာ ဒီဇင်ဘာလ ၁ ရက်နေ့က ကျင်းပတဲ့ နိုင်ငံတကာ အစည်းအဝေး မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။ ပဋိပက္ခတွေဟာ ပျက်စီးရာပျက်စီးကြောင်းနဲ့ ဒဏ်ရာတွေဖြစ်စေသလို နာကြည်းစရာတွေ ဖြစ်စေကြောင်း၊ အမုန်းတရားနဲ့ အကြောက်တရားတွေကို သံသရာလည်စေကြောင်းနဲ့ ငြိမ်းချမ်းရေး ရောင်ခြည်ကို ငြိမ်းသတ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ငြိမ်းချမ်းရေးနဲ့ အပြန်အလှန် အကျိုးဖြစ်ထွန်းရေးအတွက် နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသွားပါတယ်။ ဘင်္ဂါလီ မွတ်စလင်အရေးနဲ့ ပတ်သက်လို့တော့ ထည့်သွင်းပြောကြားသွားခြင်း မရှိပါဘူး။ ခတ္တမန္ဒူမြို့ရှိ ဒုက္ခသည်စခန်းမှာ ဘင်္ဂါလီ မွတ်စလင် ဒုက္ခသည် ၃၀ဝ ခန့် ရှိပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)