လှိုင်သာယာမြို့နယ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သတ်မှတ်အင်အားထက် ပိုမိုချထား

0
344

လူဦးရေအများဆုံးနေထိုင်တဲ့ ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်မှာတရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရာမှာ ရဲတပ်ဖွဲ့ဝင်တွေကို ခွင့်ပြုအင်အားထက်ပိုမိုချထားတယ်လို့ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်စိုးရပြောကြားလိုက်ပါတယ်။

15320389_1020855824708098_2060532070_n

ဒီဇင်ဘာ၂ရက်နေ့က ကျင်းပတဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁၁)မှကိုယ်စားလှယ်ဦးအေးဗိုလ်ရဲ့ လှိုင်သာယာမြို့နယ်အတွင်း ရပ်ရွာအေးချမ်းရေးအတွက် ရဲဝန်ထမ်းအင်အားထပ်မံ့တိုးမြှင့်ပေးရန် အစီအစဉ်ရှိ/ မရှိမေး ခွန်း ကို အခုလိုဖြေကြားလိုက်တာပါ။

မြန်မာနိုင်ငံမှာ ရဲတပ်ဖွဲ့အင်အားဟာ ဖွဲ့စည်းပုံအင်အားရဲ့ ၄၆ဒ သ မ၉၉ ရာခိုင်နှုန်းရှိပြီး ထပ်မံတိုးမြှင့်နိုင်ရေးကို ဆောင်ရွက်နေတယ်လို့ဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုး ကပြောပါတယ်။

လက်ရှိလှိုင်သာယာမြို့နယ်မှာ မြို့နယ်ရဲတပ်ဖွဲ့မှုး ရုံးတစ်ရုံးနဲ့ ရဲစခန်း၂ခုဖွင့်လှစ်ထားပြီးမြို့နယ်ရဲ့ မူလ ဖွဲ့စည်း ပုံအရ တပ်ဖွဲ့ဝင်အင်အား၂၀၄ဦးဖြစ်ပြီး တပ်ဖွဲဝင်အင်အား၂၁၅ဦးကိုတာဝန်ချထားပေးတဲ့ အတွက် ဖွဲ့စည်းပုံအင် အား ၁၀၅ဒသမ၃၉ရာခိုင်နှုန်းအထိတိုးမြှင့်တာဝန်ထမ်းဆောင်လျက်ရှိနေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)