မြန်မာကို ကန့်ကွက်ဆန္ဒပြမယ့် မလေးဝန်ကြီးချုပ်ကို မကွေးဆရာတော် တန်ပြန်ဆန္ဒပြ

0
341

ရခိုင်ပြည်နယ်မှာဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပြုလုပ်မယ့်ဆန္ဒပြပွဲမှာ ပါဝင်ဆန္ဒပြမယ့် မလေးရှား ၀န်ကြီးချုပ် နာဂျစ်ရာဇတ်ကို မကွေးဆရာတော် ဦးပါမောက္ခက တန်ပြန်ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

15219546_617031628483012_959635734984928685_n

ဒီဇင်ဘာ ၃ ရက်နေ့ ဒီကနေ့မှာ ရန်ကုန်မြို့ရှိ မလေးရှားသံရုံးရှေ့မှာ ဆန္ဒပြခဲ့တာဖြစ်ပြီး မြန်မာ့ပြည်တွင်းရေးကိ ဖိအားပေးနေသော မလေးရှားဝန်ကြီးချုပ်အား ကန့်ကွက်ရှုတ်ချသည်လို့ ရေးသားထားတဲ့ စာတမ်းကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

အဲဒီဆန္ဒပြပွဲကို သံဃာတော်တစ်ချို့နဲ့ လူပုဂ္ဂိုလ်တစ်ချို့လည်းပါဝင်ဆန္ဒ ပြခဲ့ကြပြီး မလေးရှားသံရုံးရှေ့မှာ လုံခြုံရေးရဲတပ်ဖွဲ့တွေက လုံခြုံရေးရယူခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရှိ ဘင်္ဂါလီတွေကို မုဒိန်းကျင့်သတ်ဖြတ်ခံနေရတယ်ဆိုပြီး မလေးရှားနိုင်ငံ တီတီဝမ်ဆာအားကစားကွင်းအတွင်း ပြု လုပ်မယ့် ဆန္ဒပြပွဲကို မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်လည်း တက်ရောက်သွားမယ်လို့ သတင်းတွေ ထွက်ပေါ်နေ တာဖြစ်ပါတယ်။

မလေးရှားဝန်ကြီးချုပ်နာဂျစ်ရာဇတ်အနေနဲ့ အာဆီယံပဋိညာဉ်မှာပါရှိတဲ့ တစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို တစ်နိုင်ငံက ၀င်ရောက်မစွက်ဖက်ရေးမူကို လိုက်နာဖို့လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဋ္ဌေးက ပြောဆိုထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)