စမ်းချောင်းမြို့နယ်မှာ ငွေလဲကောင်တာကို သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက်မှုဖြစ်ပွား

0
356

စမ်းချောင်းမြို့နယ်၊ ရှမ်းကုန်လမ်းအတွင်းမှာရှိတဲ့ Money Changer ငွေလဲကောင်တာကို မျက်နှာဖုံးစွပ်ပြီး သေနတ် ကိုင်ထားသူတွေက ဓားပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

15220026_1395565370455826_3841536106404571608_n

15284904_1395565507122479_4685022137538107879_n

ရှမ်းကုန်လမ်း၊ တိုက် ၁၄၊ မြေညီထပ်မှာဖွင့်လှစ်ထားတဲ့ MS Group ငွေလဲကောင်တာကို မျက်နှာဖုံးစွပ်ပြီး သေနတ်ကိုင်ထားသူတွေက သေနတ်ပြ ဓားပြတိုက်ပြီး ငွေတွေ ယူသွား ခဲ့တာဖြစ်ပါတယ်။

သေနတ်နှစ်ချက်ကို မိုးပေါ်ထောင် ပစ်ဖောက်ပြီး အသင့်စောင့်ဆိုင်းနေဖွယ်ရှိတဲ့ အငှားယာဉ်ပေါ်တက်ကာ ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိအချိန်မှာတော့ စမ်းချောင်းရဲစခန်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး သတင်းအတည်ပြုထုတ်ပြန်နိုင်အောင် စီစဉ်နေတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)