ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တိုးချဲ့ဆောင်သစ် Terminal 3 မကြာမီ ဖွင့်လှစ်မည်

0
363

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တိုးချဲ့ဆောင်သစ် Terminal 3 ကို ဒီဇင်ဘာ ၉ ရက်မှ စတင်ကာ ပြည်တွင်းလေကြောင်းလိုင်းတွေမှ စတင်အသုံးပြုသွားမှာဖြစ်ပါတယ်။

15328419_1020784088048605_929260498_n

ရန်ကုန်လေဆိပ်ဟာ ခရီးသည် ၂ ဒသမ ၇ သန်း ဝင်ထွက်နိုင်တဲ့ လေဆိပ်ဖြစ်ပေမယ့် ခရီးသည်တွေတိုးလာတဲ့အတွက် အဆင့်မြှင့် တင်ဆောင်ရွက်ခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း မတ်လက အပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း တိုးချဲ့ဆောင်သစ် Terminal 1 ကို ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ Terminal 3 ကိုလည်း ပြည်တွင်းလေကြောင်းလိုင်း ဆိုပေမယ့် နိုင်ငံတကာအဆင့် Terminal ကဲ့သို့ ဆောင်ရွက်ထားတာဖြစ်ပါတယ်။

စီမံကိန်းခန့်မှန်းကုန်ကျငွေမှာ ပထမအဆင့်စီမံကိန်းအတွက် အမေရိကန် ဒေါ်လာ ၃၇၂ ဒသမ ၆၁၈ သန်း၊ ဒုတိယအဆင့်အတွက် အမေရိကန်ဒေါ်လာ ၁၁၄ ဒသမ ၂၅ဝ သန်း၊ တတိယအဆင့်အတွက် အမေရိကန်ဒေါ်လာ ၁ဝ၆ ဒသမ ၅၇၇ သန်း၊ စီမံကိန်းကာလ ချေးငွေ အတိုး ၇၃ ဒသမ ၂၁၆ သန်း စုစုပေါင်း ခန့်မှန်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၆၃၃ ဒသမ ၂၁၁ သန်းအကုန်ကျခံတည်ဆောက်ခဲ့တာဖြစ်ပါတယ်၊

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)