မြန်မာ-ထိုင်းပွဲစဉ်အတွက် ပွဲကြည့်လက်မှတ်တွေ ရောင်းချစရာမရှိတော့

0
297

၂၀၁၆ ဆူဇူကီးဖလား အကြိုဗိုလ်လုပွဲ အဖြစ် ကစားမယ့် မြန်မာ-ထိုင်းပွဲစဉ်အတွက် ပွဲကြည့်လက်မှတ်တွေ ရောင်းကုန်သွားပြီလို့ မြန်မာဘောလုံးအဖွဲ့ချုပ်က ကြေညာလိုက်ပါတယ်။

15338775_1259307270806087_7873838611944219000_n

15268069_1258298344240313_7089017577349159834_n

ဝယ်လိုအားများပြားတာကြောင့် ဒီဇင်ဘာလ ၃ ရက် ဒီကနေ့မှာ လက်မှတ်တွေကို အပြီးရောင်းချပေးခဲ့တာဖြစ်ပြီး ပွဲကစားမယ့်နေ့မှာ ရောင်းချမယ့် လက်မှတ်မရှိတော့ဘူးလို့ ပြောဆိုခဲ့တာပါ။

မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းအနေနဲ့ ၂၀၀၄ ခုနှစ် နောက်ပိုင်း အကြိုဗိုလ်လုပွဲသို့ ပထမဆုံးအကြိမ် ပြန်လည်တက်ရောက်ခဲ့တာကြောင့် ပရိသတ်အားပေးမှု အများအပြားရရှိခဲ့တာဖြစ်ပါတယ်။

အကြိုဗိုလ်လုပွဲကို နှစ်ကျော့ကစားရမှာဖြစ်ပြီး ပထမအကျော့ပွဲစဉ်အဖြစ် ရန် ကုန်မြို့ သုဝဏ္ဏအားကစားကွင်းမှာ ဒီဇင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီမှာ ကစားရမှာဖြစ်ပြီး ဒုတိယအကျော့ ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၈ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရာဇမင်္ဂလာအားကစားကွင်းမှာ ကစားရမှာဖြစ်ပါ တယ်။ ဒီဇင်ဘာလ ၄ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် မြန်မာ-ထိုင်းပွဲစဉ်ကို မြန်မာ့ရုပ်မြင်သံကြားက တိုက်ရိုက် ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)