တပ်မတော်က ပြည်သူတွေကို စစ်ပွဲမှာ လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ လက်နက်ကိုင်အဖွဲ့တွေ ပြောဆို

0
362

တပ်မတော်က ပြည်သူတွေကို စစ်ပွဲမှာ လူသားဒိုင်းအဖြစ် အသုံးပြုနေတယ်လို့ မြန်မာပြည်မြောက်ပိုင်း မဟာမိတ်အဖွဲ့က ပြောဆိုလိုက်ပါတယ်။

15181496_1100473560065538_9094606404008095734_n

ဒီဇင်ဘာ ၂ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပြီး မုံးကိုး ဒေသခံ ၈၀ လောက်ကို တပ်မတော်က ဖမ်းဆီးခေါ်ဆောင် ဗျူဟာကုန်းမှာ လူသားဒိုင်းအဖြစ် အသုံးပြုနေတယ် လို့ ပြောဆိုထားတာပါ။

အဲဒီလိုဖမ်းဆီးမှုတွေကို နိုဝင်ဘာ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီလူတွေထဲက လေးဦးဟာလည်း ပျောက်ဆုံးနေတယ်လို့ ထွက်ပြေးလွှတ်မြောက်လာသူတွေက ပြောဆိုခဲ့တယ်လို့ ရေးသားဖော်ပြထားပါတယ်။

ဒါ့အပြင် မြောက်ပိုင်းမဟာမိတ်အဖွဲ့အနေနဲ့ ပြည်သူလူထု တွေရဲ့အသက်ကို စိုးရိမ်တာ ကြောင့် ဗျူဟာကုန်းကို တိုက်ခိုက်နေတာကို ရပ်တန့်ခဲ့တယ်လို့လည်း ရေးသားထားပါတယ်။ အပြစ်မဲ့ပြည်သူ တွေကို တပ်မတော်က လူသားဒိုင်းအဖြစ် အသုံးပြုနေတာကို တရုတ်နိုင်ငံက လိုအပ်သလိုကူညီဆောင်ရွက်ပေး ဖို့ကိုလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့က မေတ္တာရပ်ခံ ထားပါတယ်။

ဓာတ်ပုံ-Ye Moe Facebook

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)