ရိုဟင်ဂျာတွေ ဌာနေပြန်နိုင်ရေး မြန်မာအစိုးရ ဦးစားပေးလုပ်ဖို့ အတွင်းရေးမှူးချုပ် တိုက်တွန်း

0
154

မြန်မာအစိုးရအနေနဲ့ ဒေသတွင်း ပြဿနာတရပ် ဖြစ်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ သူတို့ဆန္ဒအလျောက် ဂုဏ်သိက္ခာရှိစွာ ဌာနေပြန်နိုင်ရေး ဦးစားပေး လုပ်ဆောင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Gueterrus က တိုက်တွန်းလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပနေတဲ့ ၃၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်ဖို့ ရောက်ရှိနေစဉ် ပြောကြားလိုက်တာပါ။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်နေတဲ့ ဒီအစည်းအဝေးအတွင်း စနေနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတွင်းရေးမှူးချုပ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ ပြည်တွင်း ပြန်လည်သွေးစည်းရေးကို ဦးစားပေး လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းခဲ့တာပါ။

ရိုဟင်ဂျာအရေးမှာ မြန်မာအစိုးရ ဆောင်ရွက်နေတာ တွေ့ရပေမယ့် နည်းပါးတာကြောင့် ဒီထက်ပို ဆောင်ရွက်ဖို့နဲ့ လိုအပ်တာတွေကို ပူးပေါင်းဆောင်ရွက်ဖို့ ကုလအနေနဲ့ အသင့်ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အာဆီယံနိုင်ငံတွေအနေနဲ့လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ကိုလည်း အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့တာပါ။

သတင်းစာရှင်းလင်းပွဲအတွင်းမှာပဲ အာဆီယံနိုင်ငံတွေ အနေနဲ့ ကမ္ဘာကြီး ပူနွေးလာစေတဲ့ ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ လျှော့ချနိုင်ဖို့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံတွေ မတည်ဆောက်ကြဖို့လည်း အတွင်းရေးမှူးချုပ်က တိုက်တွန်းခဲ့ပါတယ်။

Zawgyi Version

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)