ကြိုတင်ပြင်ဆင်ဖို့ ပျက်ကွက်ခဲ့ရင် ကျရှုံးဖို့ ပြင်ဆင်ထားသလို ဖြစ်မယ်ဟုဆို

0
2190

နေရာတိုင်းမှာ ကြိုတင်ပြင်ဆင်ဖို့ ပျက်ကွက်ခဲ့ရင် ကျရှုံးဖို့ ပြင်ဆင်ထားသလို ဖြစ်လိမ့်မယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရတဲ့အခါ အာဆီယံနဲ့ ဒေသတွင်း မိတ်ဖက်တွေနဲ့အတူ ရှိနေတဲ့အတွက် ကံကောင်းတယ်လို့လည်း သူက ပြောကြားခဲ့တာပါ။

နိုဝင်ဘာလ ၂ ရက်ကနေ့က ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့မှာကျင်းပတဲ့ အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ အဲ့ဒီလို ထည့်သွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီလိုပြောကြားရာမှာတော့ အတိုင်ပင်ခံပုဂ္ဂိုလ်က အာဆီယံ ဒေသဟာ ဒီဂျစ်တယ်နည်းပညာကို ပိုမိုမှီခိုလာတာနဲ့အတူ ပုဂ္ဂုလိကနဲ့ ပြည်သူ့ကဏ္ဍ အလုပ်အကိုင်တွေရဲ့ ပုံစံတွေလည်း အချိုးညီ လိုက်ပါပြောင်းလဲလာမှာဖြစ်တာကြောင့် မှတ်ဉာဏ်တုနဲ့ နည်းပညာမြင့် စက်ရုပ်တွေဟာလည်း လက်ရှိ စက်မှု၊ ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍတွေကို ဝင်ရောက်ရာတွင် အဟန့်အတားတွေကို ပေါ်ပေါက်လာနိုင်တယ်လို့ ပြောကြားခဲ့တာပါ။

ဒီလို နည်းပညာ အပြောင်းအလဲထဲမှာ လူသားတွေနဲ့ စက်ရုပ်တွေရဲ့ အားသာချက် အသီးသီးကို ရှာဖွေဖော်ထုတ်သွားဖို့လိုပြီး မိမိတို့အနေနဲ့ စက်ယန္တရားများနဲ့ အတူတကွပူးပေါင်းရမှာဖြစ်ကာ ဆန့်ကျင်ရမှာမဟုတ်ပါဘူးလို့လည်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)