လား႐ႈိးၿမိဳ႕ေရာက္ တိုက္ပြဲေရွာင္ ေဒသခံ ၁ဝဝဝ ေက်ာ္ ေနရပ္ျပန္

0
618

ရွမ္းျပည္နယ္ ေျမာက္ပိုင္း၊ လား႐ႈိးၿမိဳ႕ရွိ သီရိမဂၤလာ မန္ဆူ (ရွမ္း) ေက်ာင္းမွာ ခိုလံႈေနတဲ့ နမၼတူၿမိဳ႕နယ္အတြင္းက ေဒသခံ ၁၁၃၉ ဦး ေနရပ္ျပန္ၾကၿပီ ျဖစ္ပါတယ္။

(ဓာတ္ပံု – RFA)

ဘုန္းႀကီးေက်ာင္းမွာ ငါးရက္ၾကာ ခိုလံႈၿပီးေနာက္ မေန႔က ႏိုဝင္ဘာ ၂ ရက္ေန႔မွာ အေရွ႕ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ရဲ႕ စီစဥ္ေပးမႈနဲ႔ ေက်းရြာအသီးသီးကို ေနရပ္ျပန္ၾကတာ ျဖစ္ပါတယ္။ နမၼတူၿမိဳ႕နယ္ အီႏိုင္းေက်းရြာအုပ္စု အတြင္းရွိ ေက်းရြာေပါင္း ၁ဝ ရြာက အိမ္ေထာင္စုေပါင္း ၂၈ဝ ျဖစ္ပါတယ္။

နမၼတူၿမိဳ႕နယ္ အီႏိုင္းေက်းရြာအုပ္စုအနီးမွာ တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႔ ႏွစ္ဖြဲ႔ တိုက္ပြဲေတြ ျဖစ္ပြားေနတဲ့အတြက္ တုိက္ပြဲေရွာင္ ေဒသခံေတြဟာ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၈ ရက္ ညေနပိုင္းမွာ သီရိမဂၤလာ မန္ဆူ (ရွမ္း) ေက်ာင္းကို ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

လားရှိုးမြို့ရောက် တိုက်ပွဲရှောင် ဒေသခံ ၁ဝဝဝ ကျော် နေရပ်ပြန်

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုးမြို့ရှိ သီရိမင်္ဂလာ မန်ဆူ (ရှမ်း) ကျောင်းမှာ ခိုလှုံနေတဲ့ နမ္မတူမြို့နယ်အတွင်းက ဒေသခံ ၁၁၃၉ ဦး နေရပ်ပြန်ကြပြီ ဖြစ်ပါတယ်။

ဘုန်းကြီးကျောင်းမှာ ငါးရက်ကြာ ခိုလှုံပြီးနောက် မနေ့က နိုဝင်ဘာ ၂ ရက်နေ့မှာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ရဲ့ စီစဉ်ပေးမှုနဲ့ ကျေးရွာအသီးသီးကို နေရပ်ပြန်ကြတာ ဖြစ်ပါတယ်။ နမ္မတူမြို့နယ် အီနိုင်းကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာပေါင်း ၁ဝ ရွာက အိမ်ထောင်စုပေါင်း ၂၈ဝ ဖြစ်ပါတယ်။

နမ္မတူမြို့နယ် အီနိုင်းကျေးရွာအုပ်စုအနီးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ နှစ်ဖွဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် တိုက်ပွဲရှောင် ဒေသခံတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက် ညနေပိုင်းမှာ သီရိမင်္ဂလာ မန်ဆူ (ရှမ်း) ကျောင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)