ဝန္ထမ္းေတြအပါအဝင္ က်ဴးေက်ာ္ေတြအတြက္ တိုက္ခန္း သံုးသိန္းလိုအပ္ေနတယ္လို႔ ဝန္ႀကီးခ်ဳပ္ေျပာ (႐ုပ္/သံ)

0
817

အစိုးရဝန္ထမ္းေတြ၊ ကုမၸဏီဝန္ထမ္းေတြနဲ႔ က်ဴးေက်ာ္ေတြအတြက္ ေနအိမ္တိုက္ခန္း လိုအပ္ခ်က္ ၃ သိန္းရွိတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။ ဒီသတင္းကို MCN သတင္းေထာက္ တင္ေမာင္ေထြးက ေပးပို႔ထားပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္း က်ဴးေက်ာ္ေနထိုင္တဲ့ အိမ္ေထာင္စုေပါင္း ၁ သိန္းခြဲ ရွိေနၿပီး အဲဒီက်ဴးေက်ာ္ ေနထိုင္သူေတြအတြက္ ေနအိမ္တိုက္ခန္းလိုအပ္ခ်က္ ၁ သိန္းခြဲ လိုအပ္ေနတာ ျဖစ္ပါတယ္။

ဒါ့အျပင္ အစိုးရဝန္ထမ္းေတြနဲ႔ ကုမၸဏီဝန္ထမ္းေတြအတြက္ ေနအိမ္တိုက္ခန္း လိုအပ္ခ်က္လည္း ရွိေနတာ ေၾကာင့္ စုစုေပါင္း ေနအိမ္တိုက္ခန္း ၃ သိန္း လိုအပ္ေနတယ္လို႔ ရန္ကုန္တိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

ႏုိဝင္ဘာလ ၂ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ဆီဒိုနားဟိုတယ္မွာ ဂ်ပန္ႏိုင္ငံ အိမ္ရာေဆာက္လုပ္ေရးအသင္း JMHU/JIBH နဲ႔ ျမန္မာႏိုင္ငံေဆာက္လုပ္ေရးဆိုင္ရာ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ MCEA တို႔ ပူးေပါင္းၿပီး အိမ္ရာတည္ေဆာက္ျခင္း Pilot Project ေအာင္ျမင္တဲ့ အခမ္းအနား ျပဳလုပ္ခဲ့တာပါ။

Soundbite ဦးၿဖိဳးမင္းသိန္း (ဝန္ႀကီးခ်ဳပ္) ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔

စီးပြားေရးၿမိဳ႕ေတာ္ ရန္ကုန္ၿမိဳ႕မွာ စက္မႈဇုန္ ၂၉ ခု၊ အထူးစီးပြားေရးဇုန္ ၁ ခု ရွိေနတဲ့အတြက္ အလုပ္အကိုင္ မ်ားျပားတဲ့ ရန္ကုန္ၿမိဳ႕ကို ေရႊ႕ေျပာင္းလာတဲ့ မိသားစုေတြ မ်ားလာၿပီး ေနအိမ္တိုက္ခန္း လိုအပ္ခ်က္ေတြလည္း ျမင့္တက္လာတာ ျဖစ္ပါတယ္။

Soundbite ဦးၿဖိဳးမင္းသိန္း (ဝန္ႀကီးခ်ဳပ္) ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႔

ရန္ကုန္ၿမိဳ႕ရဲ႕ ေနအိမ္တိုက္ခန္းလိုအပ္ခ်က္ကို ျဖည့္ဆည္းေပးႏိုင္ဖို႔အတြက္ ဂ်ပန္ႏိုင္ငံက ၂၀၃၀ ခုႏွစ္အထိ ေနအိမ္တိုက္ခန္းေပါင္း ၁၀ သိန္းကို တည္ေဆာက္သြားဖို႔ရွိေနတယ္လို႔ ဂ်ပန္ႏိုင္ငံ အိမ္ရာေဆာက္လုပ္ေရးအသင္းက ေျပာပါတယ္ ခင္ဗ်ာ။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝန်ထမ်းတွေအပါအဝင် ကျူးကျော်တွေအတွက် တိုက်ခန်း သုံးသိန်းလိုအပ်နေတယ်လို့ ဝန်ကြီးချုပ်ပြော

အစိုးရဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေနဲ့ ကျူးကျော်တွေအတွက် နေအိမ်တိုက်ခန်း လိုအပ်ချက် ၃ သိန်းရှိတယ်လို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြောပါတယ်။ ဒီသတင်းကို MCN သတင်းထောက် တင်မောင်ထွေးက ပေးပို့ထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်နေထိုင်တဲ့ အိမ်ထောင်စုပေါင်း ၁ သိန်းခွဲ ရှိနေပြီး အဲဒီကျူးကျော် နေထိုင်သူတွေအတွက် နေအိမ်တိုက်ခန်းလိုအပ်ချက် ၁ သိန်းခွဲ လိုအပ်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အစိုးရဝန်ထမ်းတွေနဲ့ ကုမ္ပဏီဝန်ထမ်းတွေအတွက် နေအိမ်တိုက်ခန်း လိုအပ်ချက်လည်း ရှိနေတာ ကြောင့် စုစုပေါင်း နေအိမ်တိုက်ခန်း ၃ သိန်း လိုအပ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပြောပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်မှာ ဂျပန်နိုင်ငံ အိမ်ရာဆောက်လုပ်ရေးအသင်း JMHU/JIBH နဲ့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် MCEA တို့ ပူးပေါင်းပြီး အိမ်ရာတည်ဆောက်ခြင်း Pilot Project အောင်မြင်တဲ့ အခမ်းအနား ပြုလုပ်ခဲ့တာပါ။

Soundbite ဦးဖြိုးမင်းသိန်း (ဝန်ကြီးချုပ်) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

စီးပွားရေးမြို့တော် ရန်ကုန်မြို့မှာ စက်မှုဇုန် ၂၉ ခု၊ အထူးစီးပွားရေးဇုန် ၁ ခု ရှိနေတဲ့အတွက် အလုပ်အကိုင် များပြားတဲ့ ရန်ကုန်မြို့ကို ရွှေ့ပြောင်းလာတဲ့ မိသားစုတွေ များလာပြီး နေအိမ်တိုက်ခန်း လိုအပ်ချက်တွေလည်း မြင့်တက်လာတာ ဖြစ်ပါတယ်။

Soundbite ဦးဖြိုးမင်းသိန်း (ဝန်ကြီးချုပ်) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

ရန်ကုန်မြို့ရဲ့ နေအိမ်တိုက်ခန်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဂျပန်နိုင်ငံက ၂၀၃၀ ခုနှစ်အထိ နေအိမ်တိုက်ခန်းပေါင်း ၁၀ သိန်းကို တည်ဆောက်သွားဖို့ရှိနေတယ်လို့ ဂျပန်နိုင်ငံ အိမ်ရာဆောက်လုပ်ရေး အသင်းက ပြောပါတယ် ခင်ဗျာ။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)