
0
374




>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

သိမ်းဆည်းမြေယာအရေး ကူညီဆောင်ရွက်ပေးသူ ဝိုင်းရိုက်ခံရပြီး သေဆုံး

ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်မှာ လယ်ယာမြေ သိမ်းဆည်းခံရတဲ့ တောင်သူတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ပြည်ထောင်စု တိုင်းရင်းသား တောင်သူလယ်သမား သမဂ္ဂအဖွဲ့၊ ရပ်ကျေးတာဝန်ခံ ဦးဌေးအောင်ဟာ အုပ်စုဖွဲ့ ဝိုင်းရိုက်ခံရမှုကြောင့် သေဆုံးသွားပါတယ်။

ဦးဌေးအောင်ကို အောက်တိုဘာ ၂၈ ရက်နေ့က ပလောင်ကုန်း ကျေးရွာ ဒေသခံ ဆိုသူတွေက ဝိုင်းရိုက်ခဲ့တာ ဖြစ်ပြီး နိုဝင်ဘာ ၁ ရက်နေ့က မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူစဉ် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ဝိုင်းရိုက်ခံရမှုနဲ့ ပတ်သက်ပြီး ရွာသား သုံးဦးကို နောင်ချိုမြို့မရဲစခန်းက ဖမ်းဆီးစစ်နေပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)