ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြမွာ ကာလဝမ္းေရာဂါ ျဖစ္ႏိုင္ေျခရွိေၾကာင္း သတိေပး

0
421

လူေတြ သိန္းခ်ီၿပီး စုၿပံဳေနတဲ့ ဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြမွာ ကာလဝမ္းေရာဂါဟာ ႀကိဳတင္တားဆီးျခင္း မရွိရင္ ခ်ိန္ကိုက္ဗံုးလို ျဖစ္လာႏိုင္တယ္လို႔ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီႏွင့္ လျခမ္းနီအသင္းမ်ား ဖက္ဒေရးရွင္း (IFRC) က သတိေပးလိုက္ပါတယ္။

ဘဂၤလားေဒ့ရွ္၊ ေကာက္ဘဇားရွိ မြတ္စလင္ ၆ သိန္းေလာက္ ရွိေနတဲ့ ဒုကၡသည္စခန္းေတြမွာ တစ္ကိုယ္ေရသန္႔ရွင္းမႈ မရွိတဲ့ အေျခအေနဟာ ေရာဂါကို ျပန္႔ပြားေစလိမ့္မယ္ IFRC အေထြေထြ အတြင္းေရးမႉး အယ္ဟက္ဂ်္ အက္စီက ေျပာပါတယ္။

အေၾကာင္းေၾကာင္းကို ေထာက္ၿပီး ကာလဝမ္းေရာဂါ ျဖစ္လာမယ့္ အေျခအေနကို ကြ်န္ေတာ္တို႔ စိုးရိမ္ေနပါတယ္၊ ခ်ိန္ကိုက္ဗံုးေပၚ တက္ထိုင္ေနရသလို ျဖစ္ေနတယ္လို႔ သူက ေျပာပါတယ္။

ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ေကာက္ဘဇားရွိ ဒုကၡသည္ စခန္းကို သံုးရက္ၾကာ သြားေရာက္ ေလ့လာခဲ့တဲ့ မစၥတာ အက္စီက အေျခအေနကေတာ့ ေျပာမျပတတ္ေအာင္ပါပဲလို႔ ဆိုပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ကာလဝမ်းရောဂါ ဖြစ်နိုင်ခြေရှိကြောင်း သတိပေး

လူတွေ သိန်းချီပြီး စုပြုံနေတဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေမှာ ကာလဝမ်းရောဂါဟာ ကြိုတင်တားဆီးခြင်း မရှိရင် ချိန်ကိုက်ဗုံးလို ဖြစ်လာနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီအသင်းများ ဖက်ဒရေးရှင်း (IFRC) က သတိပေးလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ ကောက်ဘဇားရှိ မွတ်စလင် ၆ သိန်းလောက် ရှိနေတဲ့ ဒုက္ခသည်စခန်းတွေမှာ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိတဲ့ အခြေအနေဟာ ရောဂါကို ပြန့်ပွားစေလိမ့်မယ် IFRC အထွေထွေ အတွင်းရေးမှူး အယ်ဟက်ဂျ် အက်စီက ပြောပါတယ်။

အကြောင်းကြောင်းကို ထောက်ပြီး ကာလဝမ်းရောဂါ ဖြစ်လာမယ့် အခြေအနေကို ကျွန်တော်တို့ စိုးရိမ်နေပါတယ်၊ ချိန်ကိုက်ဗုံးပေါ် တက်ထိုင်နေရသလို ဖြစ်နေတယ်လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာ ကောက်ဘဇားရှိ ဒုက္ခသည် စခန်းကို သုံးရက်ကြာ သွားရောက် လေ့လာခဲ့တဲ့ မစ္စတာ အက်စီက အခြေအနေကတော့ ပြောမပြတတ်အောင်ပါပဲလို့ ဆိုပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)