
0
368





>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် လာမယ်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်ဇ် တေလာဆန်ဟာ မြန်မာနိုင်ငံကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ လာရောက်မှာ ဖြစ်ပြီး မြန်မာအစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ဝန်ကြီး တေလာဆန်ဟာ ရခိုင်ပြည်နယ် အကျပ်အတည်းမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး၊ မြန်မာ့ ဒီမိုကရေစီအကူးအပြောင်းမှာ အမေရိကန်ရဲ့ ထောက်ခံမှု စတာတွေ ဆွေးနွေးမှာ ဖြစ်ပါတယ်။

အခုလာမယ့် ခရီးစဉ်ဟာ ဝန်ကြီး တေလာဆန်ရဲ့ မြန်မာနိုင်ငံသို့ ပထမဦးဆုံး ခရီးစဉ် ဖြစ်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဟာ နေပြည်တော်ကို နိုဝင်ဘာ ၁၅ မှာ ရောက်ရှိပြီး အစိုးရ ခေါင်းဆောင်များနဲ့ တွေ့ဆုံဆွေးနွေးမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)