အျမန္လမ္းေပၚမွာ ယာဥ္မေတာ္တဆမွဳေၾကာင့္ ၁၀ လအတြင္း လူ ၁၀၀ နီးပါး ေသဆံုး

0
297

ရန္ကုန္-မႏၱေလး အျမန္လမ္းမႀကီးမွာ ယာဥ္မေတာ္တဆမွဳေၾကာင့္ ၁၀ လအတြင္း လူ ၁၀၀ နီးပါး ေသဆံုးခဲ့ပါတယ္။

ဇန္န၀ါရီလကေန ေအာက္တိုဘာလကုန္အထိ ယာဥ္မေတာ္တဆမွဳ ၄၆၅ ႀကိမ္ျဖစ္ပြားခဲ့ၿပီး အမ်ိဳးသား ၇၄ ဦးနဲ႔ အမ်ိဳးသမီး ၂၅ ဦး စုစုေပါင္း ၉၉ ဦး ေသဆံုးခဲ့တာလို႔ အစိုးရက သတင္းထုတ္ျပန္ထားတာပါ။

ဒါအျပင္ အမ်ိဳးသား ၄၁၃ ဦးနဲ႔ အမ်ိဳးသမီး ၃၂၉ ဦး စုစုေပါင္း ၇၄၂ ဦးတို႔လည္း ဒဏ္ရာရရွိခဲ့တယ္လို႔ အဲ့ဒီသတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားတာပါ။

ယာဥ္မေတာ္တဆမွဳေတြဟာ ရာသီဥတုနဲ႔ လမ္းေၾကာင့္အျပင္ အမ်ားစုဟာ  အယာဥ္ေမာင္းေတြ ေပါ့ဆမွဳ၊ အိပ္ငိုက္မွဳ၊ ဘီးေပါက္မွဳေတြေၾကာင့္ျဖစ္ေပၚခဲ့တာလို႔ ဆိုတာပါ။

ဒါအျပင္ အျမန္လမ္းေပၚ ကြၽဲ၊ ႏြားတိရစၧာန္ေတြ ျဖန္သန္းမွဳ၊ ေမာင္းႏွင္ခြင့္ မရွိတဲ့ ဆိုင္ကယ္၊ သံုးဘီးတို႔လို အေႏွးယာဥ္ေတြ တက္ေရာက္ေမာင္းႏွင္မွဳ၊ လမ္းျဖတ္ကူးမွဳေတြလည္း ပါ၀င္တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အမြန်လမ်းပေါ်မှာ ယာဉ်မတော်တဆမှုကြောင့် ၁၀ လအတွင်း လူ ၁၀ဝ နီးပါး သေဆုံး

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးမှာ ယာဉ်မတော်တဆမှုကြောင့် ၁၀ လအတွင်း လူ ၁၀ဝ နီးပါး သေဆုံးခဲ့ပါတယ်။
ဇန်နဝါရီလကနေ အောက်တိုဘာလကုန်အထိ ယာဉ်မတော်တဆမှု ၄၆၅ ကြိမ်ဖြစ်ပွားခဲ့ပြီး အမျိုးသား ၇၄ ဦးနဲ့ အမျိုးသမီး ၂၅ ဦး စုစုပေါင်း ၉၉ ဦး သေဆုံးခဲ့တာလို့ အစိုးရက သတင်းထုတ်ပြန်ထားတာပါ။

ဒါအပြင် အမျိုးသား ၄၁၃ ဦးနဲ့ အမျိုးသမီး ၃၂၉ ဦး စုစုပေါင်း ၇၄၂ ဦးတို့လည်း ဒဏ်ရာရရှိခဲ့တယ်လို့ အဲ့ဒီသတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။
ယာဉ်မတော်တဆမှုတွေဟာ ရာသီဥတုနဲ့ လမ်းကြောင့်အပြင် အများစုဟာ အယာဉ်မောင်းတွေ ပေါ့ဆမှု၊ အိပ်ငိုက်မှု၊ ဘီးပေါက်မှုတွေကြောင့်ဖြစ်ပေါ်ခဲ့တာလို့ ဆိုတာပါ။

ဒါအပြင် အမြန်လမ်းပေါ် ကျွဲ၊ နွားတိရစ္ဆာန်တွေ ဖြန်သန်းမှု၊ မောင်းနှင်ခွင့် မရှိတဲ့ ဆိုင်ကယ်၊ သုံးဘီးတို့လို အနှေးယာဉ်တွေ တက်ရောက်မောင်းနှင်မှု၊ လမ်းဖြတ်ကူးမှုတွေလည်း ပါဝင်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)