
0
392






>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဧပြီလကနေ သြဂုတ်လအထိ ကန်ဒေါ်လာ သန်းပေါင်း ၂၁၀ဝ ကျော်ရှိ

၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဧပြီလမှ သြဂုတ်လအထိ ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၁၀ဝ ကျော် ရှိခဲ့တယ်လို့ ဗဟိုစာရင်းအင်းအဖွဲ့က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၃ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ အဲ့ဒီအဖွဲ့က လစဉ်တင်ပြတဲ့ ပို့ကုန်၊ သွင်းကုန်အခြေအနေ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

အဲ့ဒီဖော်ပြချက်တွေထဲမှာတော့ ဧပြီလ သြဂုတ်လအတွင်း မြန်မာနိုင်ငံရဲ့ ပုံမှန်ပို့ကုန်တန်ဖိုးက ကန်ဒေါ်လာ သန်းပေါင်း ၃၇၀ဝ ကျော်ရှိခဲ့ပြီး နယ်စပ်ပို့ကုန်တန်ဖိုးကတော့ ကန်ဒေါ်လာ သန်းပေါင်း ၁၇၀ဝ ကျော်ရှိခဲ့ကာ စုစုပေါင်း ပို့ကုန်တန်ဖိုးက ကန်ဒေါ်လာ သန်းပေါင်း ၅၄၀ဝ ရှိခဲ့တာဖြစ်ပါတယ်။

အလားတူ ပုံမှန်သွင်းကုန်တန်ဖိုးမှာတော့ ကန်ဒေါ်လာ သန်းပေါင်း ၆၄၀ဝ နဲ့ နယ်စပ်သွင်းကုန် တန်ဖိုးက ကန်ဒေါ်လာ သန်းပေါင်း ၁၁၀ဝ ကျော် စုစုပေါင်း သွင်းကုန်တန်ဘိုး ကန်ဒေါ်လာ သန်းပေါင်း ၇၆၀ဝ ကျော် ရှိခဲ့တာပါ။

ဒါကြောင့် စုစုပေါင်းကုန်သွယ်မှု ပမာဏက ကန်ဒေါ်လာ သန်းပေါင်း ၁၃၀ဝ၀ ကျော်ရှိခဲ့ပြီး ကုန်သွယ်မှုလိုငွေ ၂၁၀ဝ ကျော် ဖြစ်ပေါ်ခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)