ေမာင္ေတာေဒသက ရဲတပ္ဖဲြ႕၀င္ေတြအတြက္  ဂုဏ္ယူေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ေျပာၾကား

0
466

ေမာင္ေတာေဒသရွိ ရဲတပ္ဖဲြ႕၀င္ေတြအတြက္  ဂုဏ္ယူေၾကာင္း ႏိုင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္ပါတယ္။

ႏို၀င္ဘာလ ၂ ရက္ေန႔ ရခုိင္ျပည္နယ္ခရီးစဥ္အတြင္း ေမာင္ေတာၿမိဳ႕၊ က်ီကန္းျပင္ အမွတ္ (၁) နယ္ျခားေစာင့္ ရဲကြပ္ကဲမႈအဖဲြ႕ဌာနခ်ဳပ္မွာ တာ၀န္ထမ္းေဆာင္ေနတဲ့ ရခိုင္တုိင္းရင္းသား ရဲတပ္ဖြဲ႔၀င္ေတြနဲ႔ မိသားစုေတြကို ေတြ႔ဆံုစဥ္ ေျပာၾကားခဲ့တာပါ။

ဒီလိုေျပာၾကားရာမွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္က ေမာင္ေတာေဒသမွာ တာ၀န္ထမ္းေဆာင္ေနတဲ့ ရဲတပ္ဖြဲ႔၀င္ေတြအေနနဲ႔ အလြန္ခက္ခဲတဲ့ အေျခအေနေတြမွာ တာ၀န္ကို ေက်ပြန္စြာ ထမ္းေဆာင္ႏိုင္ဖို႔အတြက္ ႀကိဳးပမ္းေနတာကို ျမင္ေတြ႕ၾကားသိရတာေၾကာင့္ မ်ားစြာ ဂုဏ္ယူတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

မောင်တောဒေသက ရဲတပ်ဖွဲ့ဝင်တွေအတွက်  ဂုဏ်ယူကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မောင်တောဒေသရှိ ရဲတပ်ဖွဲ့ဝင်တွေအတွက်  ဂုဏ်ယူကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း မောင်တောမြို့၊ ကျီကန်းပြင် အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရခိုင်တိုင်းရင်းသား ရဲတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေကို တွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။

ဒီလိုပြောကြားရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က မောင်တောဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ အလွန်ခက်ခဲတဲ့ အခြေအနေတွေမှာ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ဖို့အတွက် ကြိုးပမ်းနေတာကို မြင်တွေ့ကြားသိရတာကြောင့် များစွာ ဂုဏ်ယူတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)