ရခိုင္မွာ ေငြၾကးနဲ႔ ေထာက္ပံ့ေရးပစၥည္း ေပးအပ္မႈနဲ႔ပတ္သက္ၿပီး မေက်နပ္မွဳေတြ ျဖစ္ႏိုင္

0
447

ရခိုင္ျပည္နယ္က ပဋိပကၡျဖစ္ပြားခဲ့တဲ့ ေဒသေတြမွာ ေငြေၾကးနဲ႔ ေထာက္ပံ့ေရးပစၥည္းေတြ ေပးအပ္ရာမွာ နည္းလည္မႈ မလြဲဖို႔ လိုအပ္ၿပီး မေက်နပ္မႈေတြ ျဖစ္လာႏိုင္တယ္လို႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာၾကားလိုက္ပါတယ္။

ႏို၀င္ဘာလ ၂ ရက္ေန႔က ရခိုင္ျပည္နယ္ကို ေန႔ခ်င္းျပန္ခရီး သြားေရာက္ခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္က စစ္ေတြေလဆိပ္ခန္းမမွာ လူသားခ်င္း စာနာေထာက္ထားမွဳဆိုင္ရာ ညွိႏွိဳင္းေရး လူငယ္အဖြဲ႔ (YHCG) အပါအ၀င္ ျပည္နယ္အစိုးရအဖြဲ႔၀င္ေတြနဲ႔ ေတြ႔ဆံုစဥ္မွာ အဲ့ဒီလို ေျပာၾကား ခဲ့တာပါ။

ဒါအျပင္ ေထာက္ပံ့ေရးပစၥည္းေတြ လိုအပ္တဲ့ေနရာေတြကို အမွန္တကယ္ ေရာက္ရွိဖို႔ လိုအပ္တယ္ လို႔လည္း ေျပာၾကားခဲ့တာပါ။

ရခိုင္ျပည္နယ္ခရီးစဥ္အတြင္းမွာေတာ့ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ဟာ ရခိုင္ ျပည္နယ္ ေျမာက္ပိုင္း ေမာင္ေတာခရိုင္ထဲက ပန္းေတာျပင္၊ ခုံုတိုင္(ၿမိဳ)ရြာသစ္၊ ေတာင္ၿပိဳလက္၀ဲ၊ က်ီးကန္းျပင္ စတဲ့ ေဒသေတြကို သြားေရာက္ခဲ့တာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ရခိုင်မှာ ငွေကြးနဲ့ ထောက်ပံ့ရေးပစ္စည်း ပေးအပ်မှုနဲ့ပတ်သက်ပြီး မကျေနပ်မှုတွေ ဖြစ်နိုင်

ရခိုင်ပြည်နယ်က ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ ငွေကြေးနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ရာမှာ နည်းလည်မှု မလွဲဖို့ လိုအပ်ပြီး မကျေနပ်မှုတွေ ဖြစ်လာနိုင်တယ်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

နိုဝင်ဘာလ ၂ ရက်နေ့က ရခိုင်ပြည်နယ်ကို နေ့ချင်းပြန်ခရီး သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်က စစ်တွေလေဆိပ်ခန်းမမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေး လူငယ်အဖွဲ့ (YHCG) အပါအဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစဉ်မှာ အဲ့ဒီလို ပြောကြား ခဲ့တာပါ။

ဒါအပြင် ထောက်ပံ့ရေးပစ္စည်းတွေ လိုအပ်တဲ့နေရာတွေကို အမှန်တကယ် ရောက်ရှိဖို့ လိုအပ်တယ် လို့လည်း ပြောကြားခဲ့တာပါ။

ရခိုင်ပြည်နယ်ခရီးစဉ်အတွင်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရခိုင် ပြည်နယ် မြောက်ပိုင်း မောင်တောခရိုင်ထဲက ပန်းတောပြင်၊ ခုုံတိုင်(မြို)ရွာသစ်၊ တောင်ပြိုလက်ဝဲ၊ ကျီးကန်းပြင် စတဲ့ ဒေသတွေကို သွားရောက်ခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)