ရွေးကောက်ပွဲရက် ပြန်သုံးသပ်ဖို့ တိုက်တွန်းချက် အစိုးရကို အကြပ်ရိုက်စေဖို့ မဟုတ်ဟုဆို

0
1212

❖         မဲဆန္ဒရှင် ပြည်သူတွေအတွက် ကိုဗစ်-၁၉ အန္တရာယ် အလွန်ကြီးမားနေတာကြောင့် နိုဝင်ဘာ (၈) ရွေးကောက်ပွဲ ကျင်းပရက်ကို ပြန်လည်သုံးသပ်ဖို့ တိုက်တွန်းချက်ဟာ လက်ရှိအစိုးရကို နိုင်ငံရေးအရ အကြပ်အတည်း တွေ့စေချင်လို့ မဟုတ်ဘူးလို့ USDP ပါတီက ပြောကြားလိုက်ပါတယ်။

❖         ကိုဗစ်-၁၉ လို ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်နေရချိန်မျိုးမှာတောင် အမျိုးသားရေးအန္တရာယ်အဖြစ် သဘောမထားပဲ ရင်ချင်းကပ် ကျောချင်းအပ်ပြီး ထည့်သွင်းစဉ်းစား ပူးပေါင်းဆောင်ရွက်ပေးတာမျိုး မရှိတဲ့ အခြေအနေတွေအပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ရဲ့ ဒုတိယ ဥက္ကဌ ပြည်ထောင်စုဝန်ကြီးဟောင်း ဦးခင်ရီက ပြောကြားခဲ့တာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)