ဝန္ႀကီး ဦးေက်ာ္တင္ ကုလ ကေလးသူငယ္မ်ားႏွင့္ လက္နက္ကိုင္ပဋိပကၡဆိုင္ရာ အထူးကိုယ္စားလွယ္နဲ႔ ေတြ႔ဆံု

0
1334

အျပည္ျပည္ဆိုင္ရာ ပူးေပါင္း ေဆာင္႐ြက္ေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင္ဟာ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ကေလးသူငယ္မ်ားႏွင့္ လက္နက္ကိုင္ပဋိပကၡဆိုင္ရာ အထူးကိုယ္စားလွယ္ မစၥဗာဂ်ီးနီးယားဂမ္ဘာကို မေန႔ ေအာက္တိုဘာ ၂ ရက္ေန႔က အေမရိကန္ႏိုင္ငံ၊ နယူးေယာက္ၿမိဳ႕ ျမန္မာအၿမဲတမ္း ကိုယ္စားလွယ္အဖြဲ႕႐ုံးမွာ လက္ခံေတြ႔ဆံုပါတယ္။

ေတြ႕ဆုံစဥ္ ေနရပ္စြန္႔ခြာသြားသူေတြ ျပန္လည္လက္ခံေရး၊ ျပန္လည္ေနရာခ်ထားေရးနဲ႔ ျပန္လည္ထူေထာင္ ေရးေတြမွာ ျမန္မာႏိုင္ငံအစိုးရက ေဆာင္ရြက္ေနမႈေတြ၊ ျမန္မာႏိုင္ငံနဲ႔ ကုလသမဂၢတို႔ ပူးေပါင္းေဆာင္ရြက္ေနတဲ့ အရြယ္မေရာက္သူမ်ား စစ္မႈထမ္းျခင္းမွ တားဆီးေလွ်ာ့ခ်ေရး ပူးတြဲစီမံခ်က္ အၿပီးသတ္ အေကာင္အထည္ေဖာ္မႈ၊ ကေလးသူငယ္ အခြင့္အေရး ပိုမိုတိုးတက္ရရွိဖို႔ ပူးေပါင္းေဆာင္ရြက္ႏိုင္မယ့္ အေျခအေနေတြကို ေဆြးေႏြးခဲ့ပါတယ္။

ဒါ့အျပင္ ဝန္ႀကီး ဦးေက်ာ္တင္ဟာ Asia Society Policy Institute က ဦးေဆာင္ၫႊန္ၾကားေရးမွဴး မစၥ ဒီဘရာ အီဆန္မန္ကို လက္ခံေတြ႔ဆုံခဲ့ၿပီး ရခိုင္ျပည္နယ္အေရး ေဆြးေႏြးခဲ့ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

ဝန်ကြီး ဦးကျော်တင် ကုလ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ်နဲ့ တွေ့ဆုံ

အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနှင့် လက်နက်ကိုင်ပဋိပက္ခ ဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ဗာဂျီးနီးယား ဂမ်ဘာကို မနေ့ အောက်တိုဘာ ၂ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖွဲ့ရုံးမှာ လက်ခံတွေ့ဆုံပါတယ်။

တွေ့ဆုံစဉ် နေရပ်စွန့်ခွာသွားသူတွေ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင် ရေးတွေမှာ မြန်မာနိုင်ငံအစိုးရက ဆောင်ရွက်နေမှုတွေ၊ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂတို့ ပူးပေါင်းဆောင်ရွက်နေတဲ့ အရွယ်မရောက်သူများ စစ်မှုထမ်းခြင်းမှ တားဆီးလျှော့ချရေး ပူးတွဲစီမံချက် အပြီးသတ် အကောင်အထည်ဖော်မှု၊ ကလေးသူငယ် အခွင့်အရေး ပိုမိုတိုးတက်ရရှိဖို့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ဝန်ကြီး ဦးကျော်တင်ဟာ Asia Society Policy Institute က ဦးဆောင်ညွှန်ကြားရေးမှူး မစ္စ ဒီဘရာ အီဆန်မန်ကို လက်ခံတွေ့ဆုံခဲ့ပြီး ရခိုင်ပြည်နယ်အရေး ဆွေးနွေးခဲ့ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)