အာဖရိက ဆင္စြယ္ေတြ ျမန္မာကတဆင့္ တ႐ုတ္ကို ဝင္ေန

0
885

တ႐ုတ္အစိုးရက ဆင္စြယ္ ေရာင္းဝယ္မႈကို ပိတ္ပင္ထားေပမယ့္ အာဖရိက ဆင္စြယ္ေတြဟာ ျမန္မာနယ္စပ္ကေနတဆင့္ တ႐ုတ္ႏိုင္ငံကို ေမွာင္ခိုသြင္းေနဆဲ ျဖစ္တယ္လို႔ Save the Elephants အဖြဲ႔ရဲ႕ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ေတာ႐ိုင္းတိရစာၦန္ ကာကြယ္ေရး လႈပ္ရွားသူေတြက တ႐ုတ္အစိုးရရဲ႕ ဆင္စြယ္ ေရာင္းဝယ္မႈ ပိတ္ပင္ခ်က္ကို ႀကိဳဆိုေပမယ့္ တ႐ုတ္ႏို္င္ငံဟာ ကမာၻ႔အႀကီးဆံုး ဆင္စြယ္ တင္သြင္းေနတဲ့ ႏိုင္ငံျဖစ္ေနဆဲျဖစ္လို႔ ဆင္ေတြ အသတ္ခံေနရဆဲ ျဖစ္တယ္လို႔ ေျပာပါတယ္။

အာဖရိက ဆင္စြယ္ေတြဟာ ထိုင္း၊ လာအိုနဲ႔ ျမန္မာ ဆံုရာ ေရႊႀတိဂံနယ္ေျမကေန တ႐ုတ္ႏိုင္ငံ ေတာင္ပိုင္းကို ဝင္ေနတာ ျဖစ္ၿပီး မိုင္းလား နယ္စပ္ၿမိဳ႕မွာ ဆင္စြယ္ ဝယ္ယူသူ ၉၀ ရာခိုင္ႏႈန္းဟာ တ႐ုတ္ေတြျဖစ္တယ္လို႔ အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံမွာ ဆင္ယဥ္ ၅ ေထာင္ေက်ာ္ရွိၿပီး ကမာၻ႔အမ်ားဆံုး အေရအတြက္ျဖစ္ပါတယ္။ ဒါေပမယ့္ မိုင္းလာမွာ ေရာင္းဝယ္ေနတဲ့ ေမွာင္ခိုဆင္စြယ္ေတြက အာဖရိကကေန လာတာျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

အာဖရိက ဆင်စွယ်တွေ မြန်မာကတဆင့် တရုတ်ကို ဝင်နေ

တရုတ်အစိုးရက ဆင်စွယ် ရောင်းဝယ်မှုကို ပိတ်ပင်ထားပေမယ့် အာဖရိက ဆင်စွယ်တွေဟာ မြန်မာနယ်စပ်ကနေ တဆင့် တရုတ်နိုင်ငံကို မှောင်ခိုသွင်းနေဆဲ ဖြစ်တယ်လို့ Save the Elephants အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တောရိုင်းတိရစ္ဆာန် ကာကွယ်ရေး လှုပ်ရှားသူတွေက တရုတ်အစိုးရရဲ့ ဆင်စွယ် ရောင်းဝယ်မှု ပိတ်ပင်ချက်ကို ကြိုဆိုပေမယ့် တရုတ်နိ်ုင်ငံဟာ ကမ္ဘာ့ အကြီးဆုံး ဆင်စွယ် တင်သွင်းနေတဲ့ နိုင်ငံဖြစ်နေဆဲ ဖြစ်လို့ ဆင်တွေ အသတ်ခံနေရဆဲ ဖြစ်တယ်လို့ ပြောပါတယ်။

အာဖရိက ဆင်စွယ်တွေဟာ ထိုင်း၊ လာအိုနဲ့ မြန်မာ ဆုံရာ ရွှေတြိဂံနယ်မြေကနေ တရုတ်နိုင်ငံ တောင်ပိုင်းကို ဝင်နေတာ ဖြစ်ပြီး မိုင်းလား နယ်စပ်မြို့မှာ ဆင်စွယ် ဝယ်ယူသူ ၉၀ ရာခိုင်နှုန်းဟာ တရုတ်တွေဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ဆင်ယဉ် ၅ ထောင်ကျော်ရှိပြီး ကမ္ဘာ့ အများဆုံး အရေအတွက်ဖြစ်ပါတယ်။ ဒါပေမယ့် မိုင်းလာမှာ ရောင်းဝယ်နေတဲ့ မှောင်ခိုဆင်စွယ်တွေက အာဖရိကကနေ လာတာဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)