စာေရးဆရာ၊ NLD လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္း ေဒါက္တာေအာင္ခင္ဆင့္ ကြယ္လြန္

0
224

စာေရးဆရာ၊ ဆရာဝန္၊ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ (NLD) ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ေဟာင္း ေဒါက္တာ ေအာင္ခင္ဆင့္ (၈၆ ႏွစ္)ဟာ မေန႔က ေအာက္တိုဘာ ၂ ရက္ေန႔ ညပိုင္းက ရန္ကုန္ၿမိဳ႕၊ ပင္လံုေဆး႐ံုႀကီးမွာ ကြယ္လြန္သြားခဲ့ၿပီ ျဖစ္ပါတယ္။

အမ်ိဳးသားစာေပဆုရ ေဒါက္တာ ေအာင္ခင္ဆင့္ဟာ ၈ ေလးလံုး အေရးေတာ္ပံုမွာ က်န္းမာေရး ဝန္ထမ္းမ်ား သမဂၢ ဥကၠ႒အျဖစ္ တက္ၾကစြာပါဝင္ခဲ့လို႔ စစ္အစိုးရက တာဝန္ကေန အၿငိမ္းစားေပးတာကို ခံခဲ့ရပါတယ္။ ၁၉၉၀ ေရြးေကာက္ပြဲမွာ ရန္ကုန္ၿမိဳ႕၊ မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္ အမွတ္ (၁) မဲဆႏၵနယ္မွာ NLD ကို ကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္ကာ အႏိုင္ရရွိခဲ့ေပမယ့္ ၁၉၉၃ ခုႏွစ္ အမ်ဳိးသားညီလာခံမွာ ေရြးခ်ယ္ခံ ကိုယ္စားလွယ္အျဖစ္ တက္ေရာက္စဥ္ ေဝဖန္မႈေတြေၾကာင့္ ေထာင္ခ်ခံရတာလည္း ျဖစ္ပါတယ္။

ေဒါက္တာ ေအာင္ခင္ဆင့္ကို ပခုကၠဴၿမိဳ႕မွာ ေမြးဖြားခဲ့တာ ျဖစ္ၿပီး က်န္းမာေရးဆိုင္ရာ အသိပညာေပး စာအုပ္ တစ္ဒါဇင္ခန္႔ ေရးသားျပဳစုခဲ့ပါတယ္။ ေဒါက္တာ ေအာင္ခင္ဆင့္ ကြယ္လြန္ခ်ိန္မွာ အသက္ ၈၆ ႏွစ္ရွိၿပီျဖစ္ၿပီး စ်ာပနအခမ္းအနားကို ေအာက္တိုဘာ ၄ ရက္ေန႔ ညေန ၄ နာရီ ေရေဝးသုသာန္မွာ မီးသၿဂႋဳလ္သြားမွာ ျဖစ္ပါတယ္။

>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>>

စာရေးဆရာ၊ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာအောင်ခင်ဆင့် ကွယ်လွန်

စာရေးဆရာ၊ ဆရာဝန်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဒေါက်တာ အောင်ခင်ဆင့် (၈၆ နှစ်) ဟာ မနေ့က အောက်တိုဘာ ၂ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့၊ ပင်လုံဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

အမျိုးသားစာပေဆုရ ဒေါက်တာ အောင်ခင်ဆင့်ဟာ ၈ လေးလုံး အရေးတော်ပုံမှာ ကျန်းမာရေး ဝန်ထမ်းများ သမဂ္ဂ ဥက္ကဋ္ဌအဖြစ် တက်ကြစွာပါဝင်ခဲ့လို့ စစ်အစိုးရက တာဝန်ကနေ အငြိမ်းစားပေးတာကို ခံခဲ့ရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ် (၁) မဲဆန္ဒနယ်မှာ NLD ကို ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရရှိခဲ့ပေမယ့် ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံမှာ ရွေးချယ်ခံ ကိုယ်စားလှယ်အဖြစ် တက်ရောက်စဉ် ဝေဖန်မှုတွေကြောင့် ထောင်ချခံရတာလည်း ဖြစ်ပါတယ်။

ဒေါက်တာ အောင်ခင်ဆင့်ကို ပခုက္ကူမြို့မှာ မွေးဖွားခဲ့တာ ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ အသိပညာပေး စာအုပ် တစ်ဒါဇင်ခန့် ရေးသားပြုစုခဲ့ပါတယ်။ ဒေါက်တာ အောင်ခင်ဆင့် ကွယ်လွန်ချိန်မှာ အသက် ၈၆ နှစ်ရှိပြီဖြစ်ပြီး ဈာပနအခမ်းအနားကို အောက်တိုဘာ ၄ ရက်နေ့ ညနေ ၄ နာရီ ရေဝေးသုသာန်မှာ မီးသင်္ဂြိုလ်သွားမှာ ဖြစ်ပါတယ်။

COVID-19 Dashboard by the Center for Systems Science and Engineering (CSSE) at Johns Hopkins University (JHU)